'သခင်မလေး နောက်ကျလို့မဖြစ်ဘူး
သခင်ကြီးက အားလုံးရှေ့ဆူလိမ့်မယ် မြန်မြန် ပြင်ဆင်ပါ'
"ခနလေး ငါက ဘာလို့အဲ့ဒီနေရာ သွားရမှာလဲ"
'သခင်မလေးတို့ တစ်လမှာ အမြဲတမ်းစုံပြီး မိဘတွေကိုကန်တော့ကြတယ်လေ'
"သခင်မလေးတို့ဆိုတော့ သားသမီးဘယ်နှယောက်တောင်လဲ"
'သခင်မလေးတို့က အကိုဝမ်းကွဲနှစ်ယောက်ရယ် အမဝမ်းကွဲနှစ်ယောက်ရယ် သခင်မလေးတို့က အမြဲဒီနေ့ဆုံကြ
ဖို့ပြောထားကြတာလေ'
အား....ဘာတွေလဲ
သူမက တစ်ဦးထဲသောသမီးလေးကို
"အင်း...အရင်ဆုံး အိမ်တော်ကိုသွားတာပေါ့"
ငါ ဝတ္ထုထဲရောက်နေတာများလား
ဒါပေမယ့် ဘယ်ဝတ္ထုလဲ
အလုပ်ကပြန်လာတိုင်း ဝတ္ထုဖတ်ပေမယ့် အနည်းဆုံးတော့
ပုံမှန်မရှိ
အပိုင်းသစ်တွေဖတ်တာရယ်
ဇာတ်လမ်းကောင်းရင် အစဆုံးဖတ်တာရယ်
သူမ ဖတ်တဲ့ဝတ္ထုတွေကအများကြီးကို
ဘယ်လိုလုပ် အကုန်မှတ်မိမှာလဲလို့
'သခင်မလေး... သခင်မကြီးကို ဂါရဝပြုလေ'
အနောက်က ခပ်တိုးတိုးပြောလာသည့်ချင်ချင်
"အင်း..."ခေါင်းကိုညိတ်ရုံသာ ဂါရဝပြုလိုက်တော့
"ဒီကောင်မလေးက တဖြည်းဖြည်းနဲ့ရိုင်းလာတာပဲ
သခင်မကြီးကို ဂါရဝပြုတဲ့ပုံစံသာ တခြားအိမ်တော်ကသိရင်
ဒီက သခင်မကြီးကိုပဲ ရီကြမယ်ထင်တယ်"
အမ်...ဒါ ငါ့မိဘအရင်းတွေရောဟုတ်ရဲ့လား
"ယွမ်ယွမ် ...မင်းကို ဒီအဖေက အလိုလိုက်တယ်ဆိုပြီး
သခင်မကြီးကိုတော့ မလေးမစားမလုပ်နဲ့ နောက်တစ်ခါ
အပြစ်ပေးခံရမယ်"
ငါ ဒီဝတ္ထုကိုမှတ်မိလာသလိုပဲ ဇာတ်လိုက်မက
သူမရဲ့ အစ်မကြီး
အမယ်လေး ညကငါကျိန်ဆဲမိတဲ့ ဝတ္ထု ကြီး
"ငါ့ အမိန့်ကိုကြားလား အလိုလိုက်ထားတယ်ဆိုဦးတော့ သခင်မကြီးကို မလေးစားရင် အပြစ်ပေးခံရမယ်"
ယွမ်ယွမ် ဘာလို့မဖြေတာလဲ...
သူမလေး စဉ်းစားနေသည်က ဝတ္ထု အကြောင်း
သခင်ကြီးက သူ့အမိန့်နာမခံချင်သလားလို့ ထင်သွားပုံ
ပေါ်သည်
သူမလေးချက်ချင်းပင် "ဟုတ်ကဲ့...အဖေ"
သခင်ကြီးအံသြသွားသည် သူမလေး အဖေလို့မခေါ်တာ
အတော်ကြာပြီ သခင်ကြီးလို့ခေါ်ပြီး အမြဲတမ်းဆိုးသွမ်း
နေတဲ့သမီးက ဘယ်လိုဖြစ်လို့
အခန်းထဲရှိလူတိုင်း သူမလေးကိုကြည့်နေသည်
"ဟိုလေ တခြားကိစ္စမရှိရင် ပြန်လိုက်ပါဦးမယ်"
'အင်း...'
အခန်းထဲရှိလူတိုင်း သခင်ကြီးကိုကြည့်မိသည်
တကယ်ကြီးကို သခင်ကြီးက ပြန်ခွင့်ပြုလိုက်တယ်
အမှန်သာဆို သခင်ကြီးစိတ်ဆိုးနေရမှာလေ
တကယ်ကို သူ့သမီးကို အရမ်းအလိုလိုက်မှန်းသိသာနေတာပဲကို
ESTÁS LEYENDO
ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit