"ယွမ်ယွမ်လေး စိတ်မကောင်းမဖြစ်ပါနဲ့ သခင်ကြီးက
သမီးကို စိတ်ဆင်းရဲမှာစိုးလို့ အဲ့လိုတားနေတာကို နားလည်ပေးလိုက်ပါ။""အင်း မေမေ သမီးနာလည်ပါတယ်။ "
ဒါပေမယ့် သမီးတို့မိသားစု သေမှာကို မတားနိုင်တော့ဘူး။ တောင်းပန်ပါတယ် ဘာမှမပြောင်းလဲပေးနိုင်လို့။
"အဆင်ပြေရဲ့လား...အဲ့လိုကြီးမှိုင်နေတော့ အမေပါ စိတ်မကောင်းဖြစ်ရတယ်။ နန်းတော်ကိုလိုက်ချင်ရင်
သခင်ကြီးကို အမေထပ်ပြောကြည့်ရမလား...""ဟင့်အင်း နေပါစေတော့....
မေမေ မပင်ပန်းဘူးလားဟင် အဖေက အမေ့ကိုလဲဂရုမစိုက်ဘူး။ ဘာလို့များသူ့ကိုစိတ်မကုန်တာလဲ""သခင်ကြီးက ဂရုမစိုက်ဘူးလို့သမီးထင်နေတာ... တကယ်တော့ သူက ဂရုစိုက်လွန်းရင် အမေတို့၂ယောက်ကို သခင်မကြီးက ဒီလိုနေခွင့်ပေးမယ်ထင်လို့လား။ တကယ်တော့ သူကအရမ်းဂရုစိုက်လွန်းပါတယ်။
သမီးကိုလဲ တစ်ခြားသူတွေထပ်ပိုချစ်တာသိတယ်မလား။""အင်း မေမေစောစောအိပ်သင့်တယ် ဒါမှမနက်ဖြန် နန်းတော်မှာအလှဆုံးဖြစ်နေမှာ..."
"ယွမ်ယွမ့်ကို ဂရုစိုက်ပေးပါဦး ချင်ချင်...
သူ့ကိုတစ်ယောက်ထဲ မဖြစ်ပါစေနဲ့""ဟုတ်ကဲ့ပါ ...သခင်မ"
"ချင်ချင် ....တကယ်လို့များလေ ငါသေသွားခဲ့ရင်
ဘယ်လိုဖြစ်မှာလဲဟင်...""သခင်မလေးရယ် မပြောကောင်းမဆိုကောင်း
အဲ့လို မဖြစ်ပါဘူး "ငါသိချင်နေတာ သေသွားရင် ငါ့ကမ္ဘာကိုပြန်ရောက်မှာလား။ မဟုတ်ရင် ငါဒီအတိုင်း သေသွားမှာလား...
ငါ ဘာမှတောင်သေချာမသိဘဲ ဒီရောက်နေခဲ့တာလေ။
ငါ ကျိန်စာမိနေတာဖြစ်မယ်....စာရေးဆရာမကို ကျိန်ဆဲခဲ့မိလို့။"ချင်ချင် အကယ်၍လေ လူတစ်ယောက်ကသူတောင်မသိလိုက်ပဲ ကျိန်စာမိနေဆိုဘယ်လိုလုပ်မလဲ..."
"သခင်မလေး ထူးဆန်းတယ် ... ဘာတွေမေးနေတာလဲဟင် ချင်ချင်တကယ်ကိုနားမလည်တော့တာ"
YOU ARE READING
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit