ထိမ်းမြားခြင်း

360 41 3
                                    

Unicode

"ဖေဖေ...အဆင်ပြေရဲ့လား"

"မင်းကြီးကထိမ်းမြားဖို့အမိန့်ထုတ်လိုက်တယ်
နောက်တော့ ... အဖေတို့မိသားစုကို ကာကွယ်ပေးမှာပါ။
အမိန့်ဆိုတော့ မလိုက်နာလို့မရဘူးလေ ဒါပေမယ့်လဲ အဖေတို့ကိုကာကွယ်ပေးမယ်ဆိုတော့ အဆိုးကြီးတော့
မဟုတ်ပါဘူးလေ။"

"ဖေဖေ... ယွမ်ယွမ်သာလက်ထပ်မယ်ဆို မိသားစုအဆင်ပြေမှာပါနော်..."

"အင်း...အိမ်ရှေ့စံက သမီးကိုတကယ်မြတ်နိုးတဲ့ပုံပဲ
စိတ်ပူစရာသိပ်မရှိပါဘူး။ နောက်ပိုင်းဆိုစာပေတွေဒီ့ထက်ပိုလေ့လာရမယ်၊ စိတ်ထားရော အပြုအမူ၊ အနေအထိုင်ဆင်ခြင်ရမယ်။
နန်းတော်ကလူတွေ လေးစားအောင်
ကြိုးစားပါ။ မင်းကိုအာဏာကြောင့်မဟုတ်ဘဲ၊ မင်းဖြစ်နေလို့
လေးစားရတဲ့ပုံစံမျိုးဖြစ်အောင်နေပါ။"

"ဟုတ်ကဲ့ပါ ယွမ်ယွမ်နားလည်ပါတယ်။"

"ဒီနေ့ညတော့ အိမ်မှာစားသောက်ပွဲကျင်းပတာပေါ့
ငါ့သမီးလေးက မိဖုရားဖြစ်တော့မှာဆိုတော့..."

"ယွမ်ယွမ် ညီမ​​လေး ဂုဏ်ယူပါတယ်
နောက်ဆို မိဖုရားလေးဖြစ်တော့မှာပေါ့ အဲ့အခါက် မမတို့ကို မေ့မသွားနဲ့ဦးနော်။"

သူမကို စကားမပြောတဲ့အစ်မတွေကတောင် သူမအတွက်ဂုဏ်ပြုပေး ကြလေသည်။ သခင်မကြီးရဲ့မျက်နှာမှာတော့အလွန်အင်မတန်မှ ကြည့်ရဆိုးနေတော့သည်။

သခင်မကြီးက ဂုဏ်ပြုပေးချင်ပုံမပေါ်ပေမယ့်လည်း
အိမ်ရှေ့စံရဲ့မိဖုရားရာထူးကိုတော့လျစ်လျူ မရှုနိုင်တော့
"ယွမ်ယွမ်လေး နန်းတော်ဝင်ရင်သတိထားစရာတွေအများကြီးဖြစ်လာတော့မယ် ရန်သူတွေကလဲနေရာအနှံ့
စောင့်ကြည့်နေမှာ ယွမ်ယွမ်လေးနေရခက်ရင်တောင်
အိမ်တော်ကိုတော့လာလည်ပေါ့ ..."

သခင်မကြီး သူမကိုပြောချင်နေသည်ကို
သူမလေးကောင်းကောင်းနားလည်လိုက်လေသည်။
သူမကို ဘဝင်မြင့်နေနဲ့၊ အောက်ခြေလွတ်မနေနဲ့လို့ဆိုလိုတာ...

"ဟုတ်ကဲ့ပါ...
ယွမ်ယွမ် ဒီအိမ်တော်ကကျေးဇူးတွေကိုမမေ့ပါဘူး။
အစ်မတော်တွေနဲ့ သခင်မကြီးရဲ့ဂရုစိုက်မှုအတွက်
ကျေးဇူးတင်ပါတယ်။
ယွမ်ယွမ်က ကျေးဇူးဆပ်ဖို့ မေ့တတ်တဲ့သူမဟုတ်ပါဘူး။"

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းWhere stories live. Discover now