Unicode
"ပညာရေးအမတ်ကြီးကိုဂါရဝပြုပါတယ်..."
"မင်းတို့ကဒီအိမ်တော်ကိုလာရဲသေးတယ်လား!"
"ကျွန်မတို့လာရတဲ့အကြောင်းအရင်းက ပညာရေးအမတ်ကြီးရဲ့သခင်မကြီးနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ။"
အစေခံတွေ....
သူတို့ကို သခင်မကြီးအဆောင်ကိုပို့ပေးလိုက်။"သခင်မကြီး ယွမ်အိမ်တော်က သခင်မကြီးနဲ့သူ့သမီးတော်က တွေ့ဆုံချင်လို့အကြောင်းကြားပါတယ်။"
"မင်းတို့အိမ်တော်က တကယ်မျက်နှာပြောင်တိုက်တာပဲ
ဘာလဲ... ယွမ်ယွမ်ကမိဖုရားအဖြစ်အရွေးခံရလို့
ချီးမွမ်းပေးရဦးမှာလား။""မဟုတ်တာ သခင်မကြီးရယ်
ကျွန်မက ယွမ်ယွမ်ကိုမိဖုရားဖြစ်ထိုက်တယ်မထင်ပါဘူး။ သခင်မကြီးရဲ့သမီးတော်ကမှဖြစ်သင့်တာပါ။""မင်းစကားကိုငါ ဘယ်လိုယုံရမလဲ...
မင်းက ယွမ်အိမ်တော်ကသခင်မကြီးပဲ ""အဲ့ယွမ်ယွမ်ဆိုတဲ့ကလေးက ရိုင်းပြီးရိုသေမှုမရှိတဲ့
ကလေးမ ပါ။ ကျွန်မက သခင်ကြီးကိုပြောပေမယ့်
အိမ်ရှေ့စံနဲ့ဘုရင်ကြီးကထိမ်းမြားဖို့အမိန့်ထုတ်လိုက်တာကြောင့် ငြင်းပယ်ဖို့မတတ်နိူင်ခဲ့ပါဘူး။
ဖြစ်နိုင်မယ်ဆိုရင် သခင်မကြီးရဲ့သမီးကို မိဖုရားဖြစ်ဖို့အတတ်နိုင်ဆုံးကူညီပေးပါ့မယ်။""ဘာလဲ ငါ့သမီးကို ယွမ်ယွမ်လက်အောက်ကမိဖုရားငယ်လုပ်ဖို့ ပြောနေတာလား..."
"မဟုတ်တာ ယွမ်ယွမ်ကိုဖယ်ထုတ်ဖို့အရင်ကြိုးစား
ကြည့်ပါမယ်။ အစီစဥ်အောင်မြင်ရင် ကျွန်မသမီးအကြီးကို မိဖုရားငယ်အဖြစ် သတ်မှတ်ပေးပါ။
သခင်မကြီးလဲ ဒီလိုဆိုစိတ်ပါဝင်စားမယ်ထင်ပါတယ်။""မင်းက ယွမ်ယွမ်ကိုဖယ်ထုတ်ချင်နေတာပဲ...
အဲ့တော့ မင်းတို့ရောအဆင်ပြေပါ့မလား။
မင်းတို့သခင်ကြီးက ယွမ်ယွမ်ကိုတစ်ခြားသားသမီးတွေထက်ဦးစားပေးတယ်လို့သိထားတယ်။""အဆင်ပြေမှာပါ အဲ့လိုတစ်ခုခုကြုံလာတဲ့အခါ ကျွန်မနဲ့သခင်မကြီးက တစ်လှေထဲသားတွေဖြစ်နေကြပြီလေ။"
YOU ARE READING
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit