ရှင်သန်မှု

416 51 0
                                    

Zawgyi

ငါ့နေရာကို ဘယ်လိုပြန်ရမှာလဲ
ငါ ဒီကမ္ဘာမှာ မနေချင်ဘူး...

'သခင်မလေး...နေမကောင်းဘူးလား ချင်ချင်
သမားတော်ပင့်ပေးရမလား'
"ရပါတယ် နေကောင်းတယ် မင်းလည်း ခနနေနားတော့"

"ချင်ချင် မနက်ဖြန်အိမ်တော်ကို သွားရအောင် သခင်ကြီးကိုတောင်းဆိုစရာရှိလို့"
' ဟုတ်... သခင်မလေး'

"သခင်ကြီးကိုတောင်းဆိုစရာရှိလို့ ယွမ်ယွမ် လာခဲ့ပါတယ်"
'တောင်းဆိုတယ်...ဘာများလဲ ပြောပါ'

သူမလေး အကသင်ဖို့စဉ်းစားထားတာကို
သခင်ကြီးက အံ့သြနေမလား
ကိစ္စမရှိပါဘူးလေ အံ့သြလည်း ခနပေါ့
" အဲ့တာက ယွမ်ယွမ် အကသင်ချင်လို့ပါ"
'သေချာရဲ့လား...'
သူမအဖေက အံသြရမည့်အစား မယုံကြည်သည့်ပုံစံကြောင့်
စိတ်ရှုပ်သွားတော့သည်

"စိတ်မပျက်စေရပါဘူး... သခင်ကြီး"
'ကောင်းပြီ.... မင်းအတွက် အကဆရာမ စီစဉ်ပေးမယ်'

ဒီဘက်ကမ္ဘာမှာ သူမအလုပ်လုပ်စရာမလိုသည့်အပြင်
အခိုင်းစေတွေကရှိနေသေးသည်
တနေ့နေ့ အကသင်တာရယ် စာအုပ်ဖတ်တာရယ်ကလွဲလို့
လုပ်စရာသိပ်မရှိပေ။

" ချင်ချင် မြို့တော်ထဲ သွားရအောင်"
'ဖြစ်ပါ့မလား သခင်မလေးရဲ့ သခင်ကြီးကိုပြောမသွားရင်
အဆူခံရမယ်ထင်တယ်'
"ကိစ္စမရှိဘူး ခနလေးပဲကို"

သူမတို့အပြင်ထွက်ရင် အိမ်တော်အကြီးအကဲတစ်ယောက်ယောက်စီကအမြဲခွင့်တောင်းရသည်
အခု သူမရဲ့ သခင်မလေးက ခိုးထွက်မည်ဆိုတော့ ချင်ချင် စိုးရိမ်လေသည်။

"ချင်ချင် သွားရအောင်"
ချင်ချင် ကြည့်လိုက်မိသည် သူမရဲ့သခင်မလေးက သာမန်
အရပ်သားဝတ်စုံနဲ့တောင် အင်မတန်ကြည့်ကောင်းလွန်းသည် သူမသာမန် အဝတ်တွေဝတ်ထားတာတောင်
သူမရုပ်ရည်နှင့် လှုပ်ရှားပုံကဘအထက်တန်းလွှာဆန်နေသည်

'သခင်မလေး မျက်နှာကိုကာဖို့လိုမယ်ထင်တယ်'
"မလိုဘူး မျက်နှာကို ကာတာကတစ်ခါတလေ လူတွေပိုဂရုစိုက်မိလိမ့်မယ်"

မြို့ထဲကလူစည်ရုံသာမက မိန်းမလှလေးတွေဈေးဝယ်ထွက်ကြတာကြောင့် မိန်းမလှလေးတွေကိုတစ်စုထဲမြင်နိုင်လေသည်။
"ချင်ချင် ပန်းသီးစားချင်လား ဝယ်ကျွေးမယ်"
သူမလေး ဈေးတန်းကို လှည့်ပတ်ကြည့်လိုက်ပြီး
သူမ စားချင်သည်များဝယ်နေလေတော့သည်။
ဈေးဝယ်မထွက်ရတာကြာပြီ အိမ်တော်ကဘာကောင်းနေလို့
အပြင်တောင်ထွက်လို့မရတာလဲ
မသိရင် အကျဉ်းချထားတယ်လို့တောင် ထင်ရသည်။

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းDonde viven las historias. Descúbrelo ahora