အသေခံလိုက်....

884 60 0
                                    

သူမလေး ပြန်ဖို့ခွင့်တောင်းပြီးတာနဲ့ အမြန်ပင်ထွက်လာခဲ့သည် ဝတ္ထု အကြောင်းစဉ်းစားပြီး ဘယ်လိုလုပ်ရမလဲ
ငါက ဘာပဲဖြစ်ဖြစ်သေမှာပဲကို
ဇာတ်လိုက်မက မင်းသားနဲ့ယူပြီးတာတောင် ငါ့ကို အလွတ်မပေးဘူးလား သူမ မှတ်မိသလောက်ဆို မောင်နှမဝမ်းကွဲ
တွေအကုန် ပုန်ကန်မှုနဲ့ အသတ်ခံရသည်
သခင်မကြီး၁ယောက်သာ အသက်ရှင်ကျန်ရစ်သည်
ဝမ်းကွဲမောင်နှမတွေအသတ်ခံရတာထက် ဇာတ်လိုက်မ
ရဲ့ ညီမအရင်းတောင် အသတ်ခံရခဲ့သည်
ဇာတ်လိုက်မရဲ့ညီမက မင်းသားရဲ့ ဒုတိယကြင်ယာတော်
ဖြစ်ချင်သည်ဟု သခင်မကြီးကိုပြောပြီးထဲက ဇာတ်လိုက်မအကျင့်တွေပြောင်းသွားတာဖြစ်သည်
သူမလေးကိုလည်း အထင်လွဲပြီးသတ်ဖို့ ကြံခဲ့ပုံပေါ်သည်
ငါ ဒီဇာတ်လမ်းအတိုင်းနေပြီး အသေခံလိုက်မယ် ပြီးမှ
ငါ့ဘဝကိုပြန်သွားမယ်
'ယွမ်ယွမ်...ဒီအကိုတော်ခေါ်တာမကြားအောင် ဘာများ
တွေးနေလဲ'
'ညီမလေးအတွက် အကိုတော်လက်ဆောင်ယူလာတယ်
သဘောကျမယ်ထင်တာပဲ ညီမလေးနဲ့လိုက်မယ်ထင်တဲ့
ဆံထိုးလေး အကိုတော်ရွေးဝယ်လာတယ်'
"ဟုတ်ကဲ့ အကိုတော်၂ ကျေးဇူးတင်ပါတယ်"
သူ့ညီမက သူ့ကိုကျေးဇူးတင်ပါတယ်လို့မပြောဖူးဘူး
ပြီးတော့ အမြဲတမ်းသူဝယ်လာတဲ့လက်ဆောင်ဆို
တစ်ခုမဟုတ်တစ်ခု အပြစ်တင်နေတဲ့ ကောင်မလေးက
ထူးထူးဆန်းဆန်းပဲ
"ညီမတော် ပြန်လိုက်ပါဦးမယ်"
'အင်း... သခင်မမွေးနေ့မှာ ဆုံကြမယ်နော်'
သခင်မမွေးနေ့...
သူမ သိသလောက်ဆို ဒီအစ်ကိုတော်၂ယောက်က သူမဖခင်ဒုတိယဇနီးရဲ့ သားတော်ပဲ
သူမကတော့ အငယ်ဆုံး သခင်မရဲ့ သမီးတော်
အလိုလိုက်ခံထားရတော့ တော်တော်ဆိုးသည်
တနေကုန် အချိန်ဖြုန်းနေတာကလွဲလို့ ဘာမှလုပ်လေ့မရှိ
သူမတော်တော်လေးအံသြသည်
ဒီလိုလှပတဲ့ဥယာဉ်တွေ
လိုချင်တာတွေရနေတာကို တစ်နေကုန်အချိန်ဖြုန်းတယ်တဲ့လား ဘာပဲဖြစ်ဖြစ်ဒီမှာနေရတယ်ဆိုတော့
အနည်းဆုံးတော့ သူမ ငွေရေးကြေးရေးစိတ်ပူစရာမလိုဘူး
ပေါ့ အရင်ဘဝမှာ သူမကပိုက်ဆံရှာပြီးအိမ်ကိုပို့ပေးရသည်
တစ်ဦးထဲသောသမီးဆိုတော့ အထီးကျန်သည်
အခုဒီမှာတော့ အစ်ကိုတွေ အစ်မတွေနဲ့
အရင်ထဲက သူမကိုဂရုစိုက်မယ့် အစ်ကိုမျိုးလိုချင်ခဲ့တာပဲလေ
"ချင်ချင် ဒီနေ့ မြို့တော်ထဲသွားရအောင်"
'သခင်မလေး မြို့တော်ထဲကို သွားဖို့အဆင်ပြေပါ့မလား'
"မပြေစရာရှိလို့လား"
သူမလေး သိသည် အရင်ကအိမ်တော်ထဲက ထွက်လေ့မရှိ
တာကြောင့် ချင်ချင်အံသြနေတာ မထူးဆန်းတော့
မြို့ထဲသွားရင် သူမ အရမ်းကြီးထင်းနေတာမျိုးမဖြစ်စေချင်
တော်ရုံအဝတ်ကိုသာရွေးလိုက်ပြီး ငွေစအနည်းငယ်အိတ်ထဲထည့်လိုက်သည်
"ချင်ချင် သွားရအောင်"
'သခင်မလေး ဘယ်လိုကြီးဝတ်ထားတာလဲ အဝတ်ကအဟောင်းကြီးနဲ့တူတယ်'
ဒီကောင်မလေးကတော့ ငါက သခင်မလေးပါ သူကဘယ်လိုကြီးပြောနေတာတုန်း
သူမ သတိရမိသွားသည် ချင်ချင်က သူမနဲ့ငယ်ငယ်ထဲက
ရင်းနှီးနေပြီး သူမလေးကိုယ်တိုင်က သူငယ်ချင်းလို
ပေါင်းသင်းခဲ့တာကြောင့် သူမအပေါ်အရမ်းကြီး
ကြောက်ရွံ့မနေနဲ့လို့ပြောခဲ့တာ သူမကိုယ်တိုင်ပင်
"အင်း ငါ အရမ်းကြီးထင်းနေတာသဘောမကျလို့
သွားမယ်မြန်မြန်"
ရှေးခေတ်မြို့တော်ဈေးလမ်းက သူမ​လေးအတွက်
အရမ်းကိုထူးဆန်းပြီး လန်းဆန်းစေသည်
ဈေးကိုလှည့်ပတ်ကြည့်တော့ ပျားဖယောင်းထုတ်လေးတွေက သူမကိုဆွဲဆောင်နိုင်လွန်းသည်
"ချင်ချင်...နောက်တစ်ပတ်ထဲ သခင်မမွေးနေ့ရှိတယ်လို့်
ပြောတယ်မလား"
'ဟုတ်ကဲ့ပါ သခင်မလေး ဘာများဖြစ်လို့လဲ'
"အင်း လက်ဆောင်ပြင်ထားရမှာပေါ့"
သူမလေး ပျားဖယောင်းကိုငွေစပေးဝယ်ပြီး
"ချင်ချင် ညနေကျ ဥယာဉ်ထဲပန်းသွားခူးရ​အောင်"
'ဟုတ် သခင်မလေး'

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းDonde viven las historias. Descúbrelo ahora