လူသတ်သမား

278 35 6
                                    

[Unicode]

"ယွမ်ယွမ်​လေး​ရေ..."

"ဘာလဲ? ငါစိတ်ကြည်​နေတာမဟုတ်ဘူး မြန်မြန်​ပြော"

"ငါလည်းမ​ပျော်ပါဘူး​နော် ငါတို့၂​ယောက်အဖွဲ့ကွဲသွားပြီ
အဖွဲ့​ခေါင်း​ဆောင်က အဖွဲ့ကိုအသစ်ပြန်စီမံမယ်ဆိုပြီး
၂ဖွဲ့ ခွဲလိုက်တယ်!"

"ဘာကြီး! မဟုတ်မှ ​ခေါင်း​ဆောင်က ငါ့ကို အ​သေခိုင်းပြီးနှိပ်စက်မယ်လို့ထင်လား?"

"အဲ့တာ​တော့မ​ပြောတတ်ဘူး!
ကံ​ကောင်းသွားတာတစ်ခုက​တော့ တစ်ပတ်လုံး​နေစရာမလို​တော့ဘူး​လေ ၂ဖွဲ့ ခွဲလိုက်ပြီဆို​တော့..."

"အဲ့တာ​တော့ဟုတ်ပါတယ် တစ်ပတ်လုံးအချိန်ပိုမ​ဆင်းရရင်​ တော်ပြီ​ပေါ့..."

အနည်းဆုံး​တော့ နားချင်​နေပြီ ​....
နောက်တစ်ပတ်အချိန်ပိုဆင်းရမည်ဆို​ပေမယ့် သူမတို့ ဒီတစ်ပတ်အတွက်လည်းအလုပ်​တွေများ​နေတာ​ကြောင့် ပိတ်ရက်ပါ
အလုပ်လုပ်ရ​လေသည်။

"ဟို​လေ အ​နှောင့်အယှက်ဖြစ်သွားရင် sorry ​နော်
မန်​နေဂျာရုံးခန်းဘယ်ဖက်မှာလဲ ​ပြောပြ​​ပေးပါလား?"

သူမနဲ့ချင်ချင်ကို ​မေးလာသည့်အသံချိုချို​လေး​ကြောင့်
​အသံလာရာကို​လှည့်ကြည့်လိုက်မိ​လေသည်။

"​ရှေ့တည့်တည့်သွားပြီး ဘက်ဖက်​ကွေ့လိုက်ပြီ"
ယွမ်ယွမ်, ဘာမှမ​ပြောဘဲ​ငေးကြည့်​နေတာ​ကြောင့်
ချင်ချင်က လမ်းညွှန်ပြလိုက်​ရ​လေသည်။

"ချင်ချင် သူက ဘယ်သူလဲ?"

"မသိဘူး​လေ အလုပ်ဝင်ဖို့ အင်တာဗျူးလာ​ဖြေတဲ့သူများလား!"

ငါသူ့ကိုသိတယ် သူမက ငါ့ကိုသတ်ခဲ့တာ....
ငါ့နှလုံးတည့်တည့်ကိုထိုးပြီး သတ်ခဲ့တာ။
ယွမ်ယွမ် ရုတ်တရက်မျက်ရည်ကျလာပြီး သူသာ မသတ်ခဲ့ရင် အခုအချိန်ငါအဆင်​ပြေ​နေမှာလား ငါ့မိဘ​တွေ​ရော?
​နောက်​တော့ အိမ်​ရှေ့စံ​ရော?

"ယွမ်ယွမ်လေး ဘာလို့ငို​နေတာလဲ?
ခုဏက​ကောင်မ​လေး အရမ်း​ချောလို့လား!
စိတ်မပူနဲ့ ငါတို့ယွမ်ယွမ်​လေးကအ​ချောဆုံး
စိတ်မ​ကောင်းမဖြစ်နဲ့..."

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းTempat cerita menjadi hidup. Temukan sekarang