'သခင်မလေး ဥယာဉ်ကနေ ဘာပန်းခူးမလို့လဲ'
"နှင်းဆီရယ် သစ်ခွရယ်ခူးပေး နှင်းဆီကိုပိုများများခူးပေး"
သူမလေး ချင်ချင်ကိုပန်းခူးခိုင်းပြီး ဥယာဉ်ထဲလှည့်ပတ်
်ကြည့်နေမိသည် ဒီလောက်ပန်းတွေအများကြီးစောင့်ရှောက်
ရတာမလွယ်ကူလောက်ဘူး တော်တော်ကို ဂရုစိုက် ထားတာပဲ
'သမီးလေး...ဘာကိစ္စနဲ့ ပန်းဥယာဉ်ကိုလာလည်တာလဲ'
သူမ သိသလောက်ဆို ဒါသူမရဲ့ အမေပင်
သူမ အမေဆိုပင်မယ့်လဲ ထင်သလောက်မရိုးရှင်း
သူမ တွေ့ဖို့လာလည်တိုင်းငြင်းခဲ့သည်
အတွေ့မခံပဲ တစ်လမှာ တစ်ရက်လောက်သာ လိုအပ်တာပို့ပေးသည်
"ပန်းခူးဖို့လာခဲ့ရုံပါ "
သူမအမေက သခင်မကြီးရဲ့အမျိုးအဆွေပဲ အရင်ကရင်းနှီးခဲ့
သလောက် သခင်ကြီးက လက်ဆက်ပြီး သခင်မအဖြစ်
ထားမည်ဆိုထဲက အခြေအနေတွေပြောင်းလဲခဲ့သည်
သူမနဲ့ အတွေ့မခံသည့် အကြောင်းအရင်းကိုတော့
ဝတ္ထု ထဲမှာရေးထားတာလဲမတွေ့တော့ သူမကိုယ်တိုင်လဲ
မသိပေ..
'သခင်မ မွေးနေ့မှာ အမှားမလုပ်မိပါစေနဲ့ မင်းက အခုအရွယ်ရောက်နေပြီ ကလေးမဟုတ်တော့ဘူး
ဒီအတိုင်းဆက်ပြီး ဆိုးသွမ်းနေလို့ သခင်ကြီးအပြစ်ပေးရင်
ဒီကမယ်တော်လဲ မကူညီနိုင်ဘူး'
သူမ အမေက ဘယ်တုန်းကမှဝင်မကူပေးတာ အသိသာကြီးကို အထူးတလည် လာပြောနေသေးတယ်
"စိတ်မပူပါနဲ့ အမှားမလုပ်ပါဘူး"
သူမ အရင်ဘဝက တစ်ဦးထဲသောသမီးဆိုတော့ မိဘတွေ
တုန်နေအောင်ချစ်ကြသည် အခုလိုစကားကြားရတာ
စိတ်ထဲတွင် တော်တော်အဆင်မပြေ
"သွားခွင့်ပြုပါဦး"
'သခင်မလေး ချင်ချင်ခူးလာတာ အဆင်ပြေရဲ့လား'
"အင်း တော်တယ် ပြန်ရအောင် "
'သခင်မလေးက ပန်းတွေနဲ့ ဘာလုပ်ဖို့လဲ'
" မနက်ဖြန်မှ ပြောပြမယ် ဒီနေ့တော့မင်းလဲ ပင်ပန်းနေပြီ
အနားယူတော့ "
သခင်မလေးက အရင်နဲ့မတူသလိုပဲ ရင့်ကျက်လာတာလား
နူးညံလာတာလား
သူမ သခင်မလေး အရင်လို ပျင်းနေတဲ့ပုံစံမဟုတ်ဘဲ
တက်ကြွနေတော့ သခင်မလေးက အရမ်းကြည့်ကောင်းနေသလိုပဲ သခင်မလေးက အိမ်မှာ ဆိုးသလောက် အပြင်မထွက်ရဲတာကို သူမ သာသိသည်
သခင်မလေးက လူများတဲ့နေရာသိပ်မသွား
အိမ်မှာ သာဆိုးသွမ်းနေပေမယ့် သခင်မလးက အကြောက်တရားများတယ်လို့ သူမ ထင်မိသည်
သူ့သခင်မလေးက အခုနောက်ပိုင်းတည်ငြိမ်လာသလိုပဲ
သူမက စဉ်းစားမှုမရှိဘဲ ဆိုးသွမ်းနေတဲ့ပုံစံထက်
တည်ငြိမ်နေတဲ့ ပုံစံနဲ့ပိုပြီးလိုက်ဖက်သည်Hello
စာအရေးသားလေး သတိထားမိလောက်လားမသိ
သခင်မလေးပြောစကားတွေဆို"....." သုံးထားပါတယ်နော်
ကျန်တဲ့ဇာတ်ကောင်တွေကိုတော့ '.....' သုံးထားပါတယ်
"..." နဲ့ '...' ဒါမပါတာတော့ တစ်ယောက်ထဲ အတွေးနဲ့ဇာတ်လမ်းကို ရေးထားပါတယ်နော်
BINABASA MO ANG
ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit