ကိုယ် "အကို" နေရာမှာ P လို့ပြောင်းသုံးထားပါတယ်နော် 😁😁 အဆင်ပြေရဲ့လားမသိဘူး😔😔
အမှန်တကယ်က Saint မှာ ငယ်နဲ့ အတူတူ မနက်စာ စားချင်၍ တမင်အိမ်က မနက်စာမစားလာခြင်းဖြစ်သည်။ကော်ဖီဆိုင်သို့ရောက်သော် မှာစရာရှိသည်များကိုမှာ၍ စားသောက်ပြီးသည်နှင့် Mean အိမ်သို့ ထွက်လာလေသည်။
"Mean ရေ. . ."
"ရောက်လာကြပြီလား . . ."
"မနက်စာစားပြီးကျပြီလား"
"အေး စားလာပြီးပြီကွ"
"ဟုတ်ကဲ့ စားပြီးပြီ P""အော်အေးအေး နေ့လည်စာအတွက်ကတော့ ငါပြန်လာပြီးစီစဥ်ပေးမယ် Studio ထဲတော့ရှင်းပေးထားတယ် ရှုပ်တော့မရှုပ်ပေမဲ့ "
"အေးပါကွာ ကျေးဇူးပါ Mean ရာ . . ."
"ရပါတယ်ကွာ မလိုပါဘူး အဲ့ဒါဆို ငါဆိုင်သွားတော့မယ် . . .နေ့လည်စာ စားခါနီးမှပြန်လာခဲ့မယ်. . ."
"အေးအေး "
"ဟုတ်ကဲ့ P"Meanဆိုင်သို့ ထွက်သွားတာနဲ့ Saint လဲ Perth နဲ့အတူ ပန်းချီဆွဲရန် Studio အခန်းထဲသို့ ဝင်လာလိုက်တယ်။
Saint လဲ ပန်းချီဆွဲတဲ့နေရာမှာ သုံးရမဲ့ပစ္စည်းတေကို ပြင်ဆင်ပြီး နေရာကျတော့ Perth လဲ
"အကို ကျွန်တော် ဘာကူဝိုင်းပေးရမလဲဟင်"
"ရပါတယ် ညီရဲ့ ဘာမှဝိုင်းကူစရာမရှိပါဘူး ခနလေးစောင့်ဦးနော် ပစ္စည်းတေပြင်လို့ပြီးတော့မယ်. . ."
"ဟုတ်ကဲ့ . . .အကို"
Saint လဲ ပန်းချီဆွဲရန် အဆင်သင့်ပြင်ပြီးတတာနဲ့ Perth နေရမဲ့ ကိုယ်နေဟန်ထားကိုပြောပြပေမဲ့ Perth က မနေတတ်တာကြောင့် Saint ကိုယ်တိုင် Perth နေရာမဲ့ ကိုယ်နေဟန်ထားကို ဂရုတစိုက် အသေးစိတ် ပြင်ဆင်ပေးနေမိတယ်။
Perth လဲ Saint ပြောတဲ့အတိုင်းနေပေမဲ့ အဆင်မပြေတာမို့ Saint ကိုယ်တိုင် Perth နားရောက်လာကာ ဂရုတစိုက်နဲ့ အသေးစိတ်ပြင်ဆင်ပေးနေတဲ့ Saint ကြောင့် အသက်ရှူဖို့တောင်မေ့နေမိတယ်။ရင်ခုန်သံတွေဟာလဲ ဝုန်းဒိုင်းကြဲနေလို့ Saint ကြားသွားမှာတောင် စိုးရိမ်နေမိတယ်။Saint လဲ Perthရဲ့ ကိုယ်နေဟန်ထားကိုပြင်ပေးပြီးတာနဲ့
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)