Saint တစ်ယောက် Hotel ထဲဝင်လိုက်တာနဲ့ Hotel မန်နေဂျာ ကိုယ်တိုင် Saint ကိုလာကြိုပြီး နှုတ်ဆက်လေသည်. . ."မင်္ဂလာပါ သခင်လေး. . ."
"မင်္ဂလာပါ P . . ."
ထို့နောက် Saint အတွက်ပြင်ဆင်ပေးထားတဲ့ အခန်းသို့လိုက်ပို့ကာ လမ်းတစ်လျှောက်တွင်လည်း Saint မှာ Hotel Project အတွက်လိုအပ်တာများကိုပြင်ဆင်ထားရန်ပြောလေသည်။
"သခင်လေးလည်း ခရီးပန်းလာတာဆိုတော့အနားယူလိုက်ပါဦး တခုခု လိုအပ်တာ အဆင်မပြေတာရှိရင် ကျွန်တော့်ကို ခေါ်လိုက်ပါ သခင်လေး. . ."
"ဟုတ်ကဲ့ P. . ."
Saint လည်း အခန်းထဲရောက်တာနဲ့ အရင်ဆုံးလုပ်မိတဲ့အရာကတော့ ငယ့်ဆီ Ph ခေါ်ခြင်းပင်. . .
Perth လည်း အလုပ်ကပြန်ရောက်တာနဲ့ရေချိုး အဝတ်စားလဲပြီး လူကသာစာလုပ်နေပေမဲ့ စိတ်ကတော့စာထဲမှာမရှိဘဲ ကိုကို့ဆီရောက်လို့နေသည်။
'ကိုကို ငယ့်ဆီ ph လဲမဆက်သေးဘူး. . .ကိုကိုအလုပ်ရှုပ်နေလို့များလား . . .'လို့ Perth Ph လေးကိုကြည့်ပြီးတွေးနေတုန်း Ph Screen လေးလင်းလာကာ မျှော်နေသူဆီမှ Ph လာတာကြောင့် Perth ပျော်ရွှင်သွားကာ Ph ကိုင်လိုက်လေသည်။
Saint လည်း ငယ့်ဆီ Ph ခေါ်လိုက်တော့ တဖက် က ငယ့်အသံလေးကြောင့် ငယ့်ကိုပိုလွမ်းမိသွားသည်။
"Hello ငယ်. . . "
"ဟုတ်ကဲ့ ကိုကို. . ."
"ကိုယ် အခုပဲ Hotel ရောက်တယ်ငယ်. . .အရမ်းလွမ်းတယ်ငယ်. . . "
"ဟုတ်ကဲ့ကိုကို. . .ငယ်လည်း ကိုကို့ ကိုအရမ်းလွမ်းတယ်. . ."
ငယ့်ရဲ့ "ငယ်လည်း ကိုကို့ ကို အရမ်းလွမ်းတယ်. . . "ဆိုတဲ့အသံလေးကြောင့် Saint
ငယ့်မျက်နှာလေးကိုတွေ့ချင်လာတာကြောင့်"ငယ် . . . ကိုယ် Video Call ခေါ်လိုက်မယ်နော်. . ."
"ဟုတ်ကဲ့ ကိုကို. . ."
Saint မှာ Screen ထက်တွင်ပေါ်လာတဲ့ငယ့်မျက်နှာလေးကြောင့်ငယ့်ဆီပြန်ချင်စိတ်များဖြစ်ပေါ်လာသည်။
"ငယ် ဘာတွေလုပ်နေတာလဲ. . . ထမင်းရောစားပြီးပြီလား. . ."
"ငယ် သင်တန်းက ပေးတဲ့စာတွေလုပ်နေတာကိုကို. . . ထမင်းလဲစားပြီးသွားပြီ . . .ကိုကိုရော လေယာဥ်အကြာကြီးစီးရတော့ပင်ပန်းနေပြီလား. . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)