Saint တယောက် Mean ရဲ့ ကော်ဖီဆိုင်ထဲဝင်ဝင်ချင်း မှာပင် ကောင်တာမှာ ထိုင်နေတဲ့ Mean က Saint ကိုတွေ့သွားကာ
"Saint ပြန်ရောက်ပြီလား ဘယ်တုန်းကပြန်ရောက်တာလဲ မဟုတ်မှပြန်ရောက်ရောက်ခြခြင်း ငါ့ဆီ တန်းဝင်လာတာလား. . ."
"အေး ဟုတ်တယ်လေကွာ ဘာလဲမလာရဘူးလား ငါ့မှာရောက်ရောက်ခြင်း မင်းဆီကို အရင်ဆုံးသတိတရနဲ့ ပြန်လာတာကို ဘာလဲမင်းက ငါ့ကိုမကြိုဆိုတာလား ဟုတ်လား. . . ငါကသာ ခင်တာတာပါကွာ မင်းက ငါခင်သလောက် ငါ့ကို မခင်ပါဘူးကွာ . . ."
"ဘာတေပြောနေတာလဲ Saint ရာ ဘေးလူတေကြားရင် ငါကဘဲ မကောင်းတဲ့သူ မင်းကိုဘဲငါ့ဆိုင်ကိုမလာစေချင်ဘူး လို့ ထင်နေကျဦးမယ် မင်းအကြောင်း ငါမသိတာကျလို့ . . . မပြောချင်ဘူး ဟွန်း . . . ကဲပါ လာထိုင်ဦး ဖရဲသီးဖျော်ရည်ပဲသောက်မယ်မလား ငါယူလာခဲ့မယ် အရင်သွားထိုင်နှင့်. . ."
"Ok ok သွားထိုင်နှင့်ပြီ အဲဒါဆို. . ."
အဲလိုပါပဲ Saint က အကို Jo ရယ် ကျွန်တော်တို့ ညီအကိုနှစ်ယောက်ပေါ်မှာဆို သူက စကားနာလေးတေထိုးပြီး ချွဲတတ်တယ်။ ကျွန်တော်တို့ ၄ယောက်ထဲမှာဆို သူက အငယ်ဆုံးကို အကို Jo နဲ့ အကို Cooheart ဆို သူ့အလို လိုက်ပေးသလားမပြောနဲ့ တခါတလေဆို ကျွန်တော်က အကို Cooheart ရဲ့ညီအရင်းကကျွန်တော်လား သူကညီအရင်းလားမသဲကွဲဘူး။
Saint က ဆိုင်ရောက်တိုင်းလဲ အမြဲ ဖရဲသီးဖျော်ရည် ပဲသောက်တတ်တယ်။ဘာလို့ဆို သူကဖရဲသီး သရဲလေးလေ။ ဖရဲသီးဆိုအရမ်းကြိုက်တာကိုဗျ။ အဲဒါကြောင့် အခုလဲ ကျွန်တော်ကိုယ်တိုင် သူ့အတွက် ဖျော်ရည် လာဖျော် ပေးခြင်းဖြစ်သည်။
"ရော့ ရပြီ သောက်လိုက်ဦး. . . "
"အခုမှပဲ အမောကိုပြေပြီး လူကို လန်းသွားတာပဲ မင်းကိုယ်တိုင်ဖျော်လာတာရောဟုတ်ရဲ့လား. . ."
"ဟုတ်တယ်လေ . . . ဘာလဲ အရမ်းတေသောက်လို့ကောင်းတယ်မလား. . ."
"ဒါပေါ့ ကမ္ဘာပေါ်မှာ ငါ့သူငယ်ချင်း လက်ရာအကောင်းဆုံးပဲ ဘယ်သူမှ ငါ့သူငယ်ချင်းလေး လက်ရာ ကိုမမှီဘူး. . ."
"အေးပါကွာ ငါ့ကိုမြှောက်ပင့်နေတာတေတော်ပါတော့ အခုလာရင်း ကိစ္စကိုပြော ပြောစရာရှိလို့လာတာမဟုတ်လား . . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)