❤️Part .5 ZG (Zawgyi)🖤

172 7 2
                                    

"ကိုယ် ညီ့ဆီက အကူအညီလေးတောင်းစရာရှိလို့. . "

"ဗျာ . . . အကိုက ကျွန်တော့ဆီက အကူအညီတောင်းစရာရှိလို့ . . ."

Perth လဲအံ့သြကာ Saint ပြောတဲ့စကားနောက် သံယောင်လိုက်ပြောမိသည်။

"ဟုတ်တယ် ညီ. . ."

"ကျွန်တော် က ဘာကူညီရမှာလဲဟင် အကို . . ."

"ညီ့ ကို့ယ်ရဲ့ Model ဖြစ်ပေးပါလား . . ."

"ဗျာ !"

Perth တကယ်ကြောင်အသွားသည်။

"အကို့ရဲ့ Model ဖြစ်ပေးပါလားဆိုတာ ဘာကိုပြောတာလဲ အကို ကျွန်တော်နားမလည်လို့ဗျ. . ."

"အေးလေ Saint ကလဲ သေချာရှင်းပြလိုက်လေကွာ "

"Sorry ညီ ကိုယ်လောသွားတယ် ဒီလိုကွာ ကိုယ် ပန်းချီပြိုင်ပွဲ တစ်ခု ပြိုင်စရာရှိတယ်။ အဲ့ပြိုင်ပွဲမှာ ကိုယ်က ပုံတူပန်းချီဆွဲပြီးပြိုင်မှာ။ ပြောရရင် ညီ့ရဲ့ ပုံတူ ပန်းချီကို ဆွဲပြီး အကိုပြိုင်ပွဲမှာ ဝင်ပြိုင်မှာ။ အဲဒါကြောင့် ညီ့ကို ကိုယ့်ရဲ့ Model ဖြစ်ပေးပါလို့ အကူအညီတောင်းတာပါ။ ပြီးတော့ ညီ့ပုံနဲ့ ကိုယ် ပြိုင်ပွဲ ဝင်ပြိုင်မှာကိုလဲ ခွင့်ပြုပေးပါလို့ ကိုယ်တောင်းဆိုပါတယ် ညီ. . ."

". . ."

Perth တကယ်ဆွံ့အနေမိသည်။ကိုကိုကလေ ငါ့ပုံတူနဲ့ ပန်းချီပြိုင်ပွဲမှာ ဝင်ပြိုင်မှာ။အဲဒါဆိုကိုကိုက ငါ့ပုံလေးကို သူ့လက်နဲ့ကိုယ်တိုင်ဆွဲမှာပေါ့။ပျော်လိုက်တာဗျာ ပြီးတော့လဲ ကိုကိုက ငါ့ပုံလေးနဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ကိုလဲ ငါ့ကိုခွင့်ပြုပေးဖို့တောင်းဆိုတယ်တဲ့။ ငါအိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်. . . ။

"ညီ. . ."

Perth တယောက်အတွေးထဲမျှောနေတုန်း ကိုကို့ရဲ့ ခေါ်သံလေးကြောင့် လက်ရှိ အခြေအနေသို့ပြန်ရောက်လာလေသည်။

"ဗျာ "

"ညီ ခွင့်ပြုမယ်မလားဟင် ပြီးတော့ ကိုယ့်ရဲ့ Model ဖြစ်ပေးမယ်မလားဟင်. . ."

ဟာ ကိုကိုရယ် ဘယ်လိုတောင်ပြောနေတာလဲဗျာ ။ကျွန်တော်အသည်းယားလာပြီး ဖက်နမ်းမိတော့မယ်ဗျာ။ အသည်းယားဆိုကျွန်တော် ငြင်းမှာစိုး၍ ကိုကို့ မျက်နှာလေးက ငယ်နေပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးတေက မျှော်လင့်ချက်အပြည့်နဲ့ ကျွန်တော့်ကို ကြည့်နေပြီး မျက်တောင်ရှည်ရှည်လေးတေ လှုပ်ခတ်သွားတိုင်း ကျွန်တော့်ရဲ့ နှလုံးသားလေးကို လှုပ်ခတ် သွားစေသည်။ အဲလိုမျှော်လင့်ချက်အပြည့်လေးနဲ့ပြောနေတဲ့ ကိုကို့ ကို ဒီလူသားက ဘယ်လိုလုပ်ငြင်းနိုင်မှာတဲ့လဲဗျာ။

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now