Saint လဲ P 'Jo က သူ့ကို နားလည်လက်ခံပေးတဲ့ စိတ်သက်သာရာရပြီး ပျော်ရွှင်မိသွားပေမဲ့ ဖေဖေနဲ့ မေမေကရော သူ့ကို P လိုနားလည်လက်ခံပေးပါ့မလားတွေးနေမိသည်။
Saint တို့ 3ယောက်သားလဲ စကားခနပြောပြီးတာနဲ့ Saint တို့လဲ အိမ်ပြန်လာလိုက်တယ်။ ပြန်ခါနီးလဲ ငယ့်ကို နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်လိုက်သေးသည်။
"ညီ. . .ကိုယ် ပြန်တော့မယ် နက်ဖြန်မနက်လာကြိုမယ်နော် ဒီနေ့ လာကြိုတဲ့ အချိန်ပဲလာကြိုမယ်နော် . . ."
"ဟုတ်ကဲ့ . . .အကို "
"N Perth ပြန်ပြီနော် . . . နောက်မှအေးအေးဆေးဆေးထပ်တွေ့ကျမယ်နော်"
"ဟုတ်ကဲ့ P "
Perth လဲဆိုင်ကနေအဆောင်ပြန်ရောက်တာနဲ့ ရေချိုး ထမင်းစား သင်တန်းက စာတွေကိုပြန်လုပ်ပြီးတာနဲ့နာရီကိုကြည့်လိုက်တော့ ၁၁နာရီကျော်တောင်ကျော်နေပြီ။ Plan ကိုကြည့်လိုက်တော့ မအိပ်သေးတာနဲ့
"Plan ငါမေးစရာရှိလို့. . ."
"အင်းမေးလေ. . ."
"ကိုကို တို့မိသားစုက အရမ်းချမ်းသာတာပဲလားဟင် ?"
"အင်း ဟုတ်တယ် Company တွေ Hotel တွေလဲပိုင်တယ်ကွ နိုင်ငံခြားမှာ ရှယ်ယာဝင်ထားတဲ့ Company လဲရှိတယ်တဲ့ တော်တော်ချမ်းသာတယ်ကွ ..... ဘာလို့မေးတာလဲ"
"ဘာမှမဟုတ်ပါဘူးကွာ ဒီအတိုင်းပဲ သိချင်လို့မေးကြည့်တာပါကွာ. . ."
"P Saint ကအရမ်းချမ်းသာပေမဲ့ မာနမကြီးဘူး လူတစ်ဖက်သားကိုလဲ အရမ်းဂရုစိုက်တတ်တယ်ကွ အဲဒါကိုတော့ မင်းအသိဆုံးဖြစ်မှာပါ . . ."
"ဟင် ငါက အသိဆုံးဖြစ်မှာ ဟုတ်လား မင်းစကားကဘယ်လိုကြီးလဲကွ ငါနားမလည်ဘူး. . ."
"ဟုတ်တယ်လေ ကားတံခါးကိုတောင် ကိုယ်တိုင်ဖွင့်ပေးတယ်လေကွာ. . ."
"ဟာ ! Plan မင်းတွေ့လိုက်တယ်လား. . ."
"တွေ့ပ. . ."
"Plan ရာ မနောက်ပါနဲ့ကွာ ကိုကိုက သူ့ကို ကူညီပေးလို့ ငါ့ကို ဂရုစိုက်တာပါကွ ဒီအတိုင်း သဘောရိုးနဲ့ပါကွ ငါကဘက်သာ . . . ဒါပေမဲ့လဲ ကိုကိုဘဝနဲ့ ငါ့ဘဝက အနေအထားကအစ အဝေးကြီးမှာကွ. . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)