❤️Part .14 ZG (Zawgyi)🖤

132 5 4
                                    

နောက်နေ့မနက်ရောက်တော့ Saint လည်း မိသားစုနဲ့ အတူတူ မနက်စာစားပြီးတာနဲ့ ဖေဖေ နဲ့ မေမေကို ကန်တော့ ကာ တိုက်ခန်းကို P'Jo နဲ့ အတူ ထွက်လာခဲ့သည်။

Companyနားရက်ဖြစ်တာကြောင့်လည်း P'Jo ကိုယ်တိုင် Saint ကို တိုက်ခန်းထိလိုက်ပို့ကာ ဝိုင်းကူပေးနေခြင်းပင်။ Company နားရက်မဟုတ်ရင်လည်း Jo ကိုယ်တိုင် Saint ကို ဝိုင်းကူမှာအသေအချာပင်ဖြစ်သည်။

Mean လည်းဆိုင်ကို မသွားသေးဘဲ Saint တိုက်ခန်းပြောင်းတာကို ဝိုင်းကူလုပ်ပေးနေသည်။

ပစ္စည်းအားလုံးကို နေရာပြီးတာနဲ့ သုံးယောက်သား ဧည့်ခန်းကဆိုဖာပေါ် အားရပါးရ ပစ်လှဲကာ အနားယူလေသည်။ထိုစဉ် Saint ဆီသို့ နိုင်ငံခြား Ph call တစ်ခုဝင်လာလေသည်။

"Hello . . ."

တဖက်ကလူရဲ့ အသံကို နားထောင်လိုက်တာနှင့် သူ့ဆီ Ph ခေါ်တဲ့ လူကို Saint သိလိုက်သည်။

"Hello P. . .ကျွန်တော့်ဆီ  ဘာလို့အကြာကြီးမဆက်သွယ်ဘဲနေတာလဲ ? ဘာလို့ ကျွန်တော်တို့ကို အကြာကြီးပစ်ထားလဲ?"

"P လည်းအလုပ်တွေရှုပ်နေလို့ပါ Saintရာ . . .P ကိုပြီးမှရန်တွေ့ အခုဝမ်းသာစရာပြောစရာရှိလို့ . . ."

Saint ဆီ Ph ဆက်သူက အခြားသူတော့မဟုတ်  Mean အကို Cooheartပင်ဖြစ်သည်။ Cooheart ဆီက  ဆိုထဲက Saint သည် Ph ကို Speaker ဖွင့်ထားခြင်းဖြစ်သည်။

"ဗျာ . . .ဝမ်းသာစရာ ဟုတ်လား P "

"ဟုတ်တယ် . . ."

"Coheart ရေ မြန်မြန်ပြောကွာ ငါလဲသိချင်နေပြီကွ. . ."

"ဟုတ်တယ် P မြန်မြန်ပြောဗျာ ကျွန်တော်လည်းသိချင်နေပြီ. . ."

"အာ Jo ရော Mean ရော ရှိနေတာလား . . .
ဟုတ်တယ် P ကျွန်တော် တိုက်ခန်းမှာပြောင်းနေခွင့်ရပြီလေ အဲဒါကြောင့် ကျွန်တော့်ကို P'Jo နဲ့ Mean က ဝိုင်းကူပေးနေတာ. . ."

"Coheart ရာ အဲဒါတွေနောက်မှမေးပါကွာ ဝမ်းသာစရာ သတင်းကိုပဲ အမြန်ပြောပါကွာ. . ."

"ဟုတ်တယ် P. . ."

"ပြောမှာပေါ့ကွာ Video call ပြောင်းခေါ်လိုက်မယ် မင်းတို့သုံးယောက်လုံးရဲ့ မျက်နှာလေးတွေကိုကြည့်ပြီးပြောပြာမယ် ဟုတ်ပြီလား . . ."

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now