❤️Part 13 Unicode 🖤

132 16 10
                                    

US နိုင်ငံ စံအိမ်ကြီးတခု၏ မိသားစုမနက်စာ ထမင်းဝိုင်းတွင်

"သမီး Dali နောက်အပါတ်ဆို သား Saint လာမှာ အဲဒါ သမီးကိုယ်တိုင်လေဆိပ်မှာ သွားကြိုပေးလိုက်နော်. . ."

"တကယ် P ကနောက်အပါတ်လာတော့မှာပေါ့အလုပ်ကိစ္စနဲ့လာတာလား ?Dali တို့ ကိစ္စအတွက် သပ်သပ် လာတာလား Daddy . . ."

"နှစ်ခုလုံးအတွက် လာတာ သမီး . . ."

"အဲဒါဆို P က သမီးကိုအချိန်တောင်ပေးနိုင်ပါ့မလား. . . မပေးနိုင်လဲ ကိစ္စမရှိပါဘူး အချိန်မပေးနိုင်လည်း ပေးနိုင်အောင်လုပ်ရမှာပေါ့. . ."

"P က နောက်အပါတ်လာတော့မှာဆိုတော့ Daddy သမီး မနက်စာ စားပြီးရင် Shopping ထွက်မှရမယ် သမီး အလှဆုံးဖြစ်နေမှရမယ် အဲဒါမှ P က သမီးကိုသဘောကျလာပြီး စိတ်ဝင်စားလာမှာ. . ."

"ဟား. . ဟား မေကြီးရေ မင်းသမီး ကိုတော့မနိုင်ဘူးကွာ. . . ဟုတ်ပါပြီ ဖေကြီး သမီးလေး သဘော ဟုတ်ပြီလား. . ."

"ရှင်ကလဲ သမီးကိုမြှောက်ပေးနေ သိလား. . ."

"ရှင်လဲ စကားပြောတာတော်ပြီး မနက်စာကိုသေချာစားတော့ ရုံးနောက်က်ကျနေဦးမယ်. . . သမီးလည်း မနက်စာ စားတော့ ပြီးရင် အပြင်သွားမှာမဟုတ်လား. . ."

"ဟုတ်ပါပြီဗျာ မနက်စာကို သေချာစားပါတော့မယ်. ."

"ဟုတ်ကဲ့ မား. . ."

Dali တစ်ယောက်လည်း မနက်စာ စားပြီးတာနဲ့ ကုန်တိုက်သို့ထွက်လာလိုက်သည်။

Saint လည်း ထမင်းစားပြီးတာနဲ့ သူ့အခန်းဆီသို့ပြန်လာလိုက်တယ်။အခန်းထဲရောက်မှသက်ပြင်းအရှည်ကြီးချလိုက်သည်။ထိုစဥ်

"ဒေါက် . . . ဒေါက်. . .ဒေါက် Saint P ပါ . . ."

"ဟုတ်ကဲ့ လာပြီ P . . ."

Saint တစ်ယောက် P 'Jo ကိုတံခါးထဖွင့်ပေးပြီးတာနဲ့ စိတ်ညစ်ခြင်း များစွာနဲ့ ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။

"Saint ဖေဖေ ပြောတဲ့ ကိစ္စကြောင့် စိတ်ညစ်နေတာလား. . ."

"ဟုတ်တယ် P ဖေဖေကကျွန်တော့်သဘောတောင်မမေးဘဲနဲ့ စေ့စပ်ဖို့ ကမ်းလှမ်းတာကိုလက်ခံလိုက်တယ် . . ."

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now