❤️Part .23 Unicode 🖤

99 10 8
                                    

Saint လည်း Ph ချပြီးတာနဲ့
အလုပ်တွေကိုသာဆက်လုပ်နေလိုက်တယ်။သူ့အလုပ်တွေမြန်မြန်ပြီးမှ US ကနေမြန်မြန်ပြန်ရမှာမဟုတ်လား. . .

Dali တစ်ယောက်မှာလည်း Saint ကိုသွားကြိုရန်အတွက်အလုပ်များနေလေသည်။

"မနက်က ငါရိုးရိုးရှင်းရှင်းလေးဝတ်သွားတာဆိုတော့ဒီညနေ ပုံစံပြောင်းရမယ်"ဟုဆိုကာ အဝတ်ဗီဒိုကိုဖွင့်ပြီး တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေတော့သည်။

Saint အလုပ်လုပ်နေရင်း နာရီကိုကြည့်လိုက်ရာ ညနေပင်ရောက်နေပြီဖြစ်သည်။အလုပ်ဆက်လုပ်သေးချင်ပေမဲ့  Dali တို့အိမ်လည်းသွားရမှာဖြစ်တာကြောင့် လုပ်လက်စအလုပ်လေးကိုလတ်စသတ်လိုက်သည်။

ခဏအကြာ Dali ဆီမှ Hotel ကိုရောက်နေပြီဆိုတာကြောင့် Saint လည်း Hotel အောက်သို့ဆင်းလာလိုက်သည်။

Saint Hotel ထဲကထွက်လာတာကိုမြင်တာနဲ့ Dali တစ်ယောက်လည်းကားထဲကနေထွက်လာပြီး Saint ဆီဦးတည်ပြီးလျှောက်လှမ်းသွားလေသည်။

ကားထဲကနေထွက်လာတဲ့ Dali ဟာ အနီရောင်ကိုယ်ကျပ် အင်္ကျီလေးကိုအနက်ရောင်စကတ်အတိုလေးနဲ့တွဲဖက်ဝတ်ဆင်ထားကာ နှုတ်ခမ်းနီအနီရောင်ကိုဆိုးထားပြီး ကျောလယ်လောက်ရှည်တဲ့ဆံပင်လိပ်များကိုမချည်နှောင်ပဲ ချထားသည့် Dali ပုံစံဟာဘေးပတ်ဝန်းကျင်ရှိ ယောက်ျားလေးများရဲ့စိတ်အာရုံကိုဆွဲငင်ဖမ်းစားထားနိုင်သော်လည်း Saint ရဲ့ စိတ်ဝင်စားမှုကိုနည်းနည်းမှမခံရပေ။

"P . . ."

"N ရောက်နေတာကြာပြီလား. . ."

"မကြာသေးဘူး P. . ."

"လာ P Dali တို့အိမ်သွားရအောင် . . ."

"အော် အင်းအင်း. . ."

Sanit လည်း Dail တို့အိမ်ရောက်တော့ Dali အဖေနဲ့ အမေက Saint ကိုဧည့်ခန်းမှာစောင့်ကြိုနေလေသည်။Saint နဲ့လည်းမတွေ့တာကြာပြီဖြစ်တာကြောင့်စကားပြောတာကြာသွားကာ ညစာစားချိန်တောင်လွန်တော့မည်ဖြစ်တာကြောင့် Dail ကပဲ

" Daddy နဲ့ မား P ဗိုက်ဆာနေရောပေါ့ ထမင်းစားပြီးမှစကားဆက်ပြောကြတော့နော်. . ."

"ဟာ ဟုတ်သား . . .သားနဲ့မတွေ့တာကြာတာနဲ့စကားပြောတာတောင်တော်တော်ကြာသွားတယ် လာညစာစားရအောင် . . .ပြီးမှဆက်ပြောကြတာပေါ့. . ."

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now