Perth တယောက် အိပ်ယာ စောစောနိုးလာလေသည်။ အိပ်ယာစောစောနိုးဆို ဒီနေ့မနက် ကိုကို သူ့ကို လာကြိုမည်မဟုတ်လား။ ကိုယ် အရင်ပြင်ဆင်ပြီးထားပြီး ကိုကို့ကို စောင့်နေတာက ကိစ္စမရှိ။ ကိုကို ပြန်စောင့်နေရရင်ကမကောင်း အားနာစရာကောင်းလှသည်။Perth လဲစောစော အိပ်ယာထပြီး ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်လေသည်။
တဖက်မှ Saint လဲ အိပ်ယာစောစောနိုး၍ ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ပြီး အကို Jo အခန်းဆီသို့ ထွက်လာခဲ့လေသည်။
"ဒေါက်. . .ဒေါက်. . .ဒေါက်. . ."
"အကို ကျွန်တော် Saint ပါ ခနလောက်ဝင်လာလို့ရလား ပြောစရာလေးရှိလို့ . . ."
"Saint ဝင်လာလေ . . ."
"မနက်အစောကြီးပြင်ဆင်ပြီး ဘယ်သွားမို့လဲ. . .Saint "
"ကျွန်တော် ဟိုတခါ ပြောထားတဲ့ ပန်းချီပြိုင်ပွဲအတွက်လေ အဲဒါဒီနေ့ ပုံစဆွဲမို့ ခနနေသွားတော့မှာမို့ ပြင်ထားတာ အကို . . .ပြီးတော့ ကျွန်တော် Company ကို ဒီရက်ပိုင်း လာလို့အဆင်ပြေမှာမဟုတ်ဘူး ပုံဆွဲမှာဆိုတော့လေ အဲဒါ ဖေဖေ့မေးခဲ့ရင် အကို ကြည့်ပြောပေးထားဦးနော်. . ."
"အော် အေးပါကွာ ဖေဖေ့ အတွက်မပူပါနဲ့ အကိုပြောပေးထားမယ် ဒါနဲ့ ဘာပုံဆွဲမှာလဲ ဟိုတခါမေးတုန်းကတော့ စဥ်းစားတုန်းဆို. . ."
"ပုံတူပန်းချီဆွဲမှာ အကို. . .အခုလဲ ငယ့်ကိုတခါတည်းသွားကြိုရင်း Mean အိမ်ကို သွားမို့ . . ."
"ပုံတူပန်းချီ လား. . .ငယ်ဆိုတာက Saint ပုံတူဆွဲမဲ့သူလား . . . ကောင်မလေးလား ငယ်ဆိုတော့ . . ."
"ဟုတ်တယ် အကို . . . ကောင်လေး . . .ကောင်မလေးမဟုတ်ဘူး ငယ်ဆိုတာက ကျွန်တော်ခေါ်တဲ့ နာမ်စားလေး ငယ့်နာမည်အရင်းက Perth တဲ့ဗျ. . ."
"အဲဒါဆို ကျွန်တော် သွားတော့မယ်တော်ကြာ ငယ် ကျွန်တော့်ကို အကြာကြီးစောင့်နေရမှာစိုးလို့ . . . ပန်ချီပြိုင်ပွဲပြီးမှပဲ အကို့ကို အကြောင်းစုံပြောပြတော့မယ်. . . "
"အေးပါ . .အေးပါ. . ကားလဲဂရုစိုက်မောင်းဦး . . ."
"ဟုတ်ကဲ့ . . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)