"ကျွန်တော်လည်း ကိုကို့ ကိုချစ်တယ်. . ."
Perth ပြောလိုက်တဲ့ စကားလေးကြောင့် Saint အတိုင်းမသိပျော်ရွှင်သွားကာ
"ငယ် အခု ကိုယ့်ကို ချစ်တယ်လို့ အဖြေပြန်ပေးလိုက်တာလားဟင် ဟုတ်လား. . ."
"ဟုတ်တယ် ကိုကို . . .ကျွန်တော် ကိုကို့ ကို အရမ်းချစ်တယ်. . . ပြောမတတ်အောင်ချစ်တယ် အများကြီးချစ်တယ် . . . ဟာ . . ကိုကို. . . "
Perth လည်း ကိုကို့ ကို ဘယ်လောက်ထိချစ်ကြောင်းပြောပြနေတုန်း ရုတ်တရက် လူက တစ်စုံတစ်ယောက်ရဲ့ ချီတာကိုခံလိုက်ရပြီး လူက လေပေါ်ကိုမြောက်တတ်သွားတာကြောင့် အံ့သြမိသွားသည်။
Perth ကို ချီမြောက်လိုက်သူမှာ အခြားသူမဟုတ် Saint ပင်ဖြစ်သည်။သူရှေ့မှာ သူ့ကို ဘယ်လောက်ထိချစ်ကြောင်း ပြောပြနေတဲ့
ငယ့်ကို ကြည့်ရင်း အူတေယားလာတာကြောင့် ငယ့်ကို ချီကာ လေထဲတွင် ဝှေ့ယမ်းလိုက်ခြင်းဖြစ်သည်။Saint လည်း ငယ့် ကိုချီပြီး အောက်ချပြီးသည်နှင့် ငယ့်ရင်ခွင်ထဲထည့်ဖက်ထားမိသည်။
"ကိုယ် လည်း ငယ့်ကို အရမ်းချစ်တယ်. . . ကိုယ်စိုးရိမ်နေတာ ငယ့်ကို ကိုယ် ဖွင့်ပြောလိုက်လို့ ငယ်ကိုယ့်ကို အရမ်းမုန်းသွားမှာကို ကိုယ်စိုးရိိမ်နေမိသလို ကြောက်လည်းကြောက်နေမိတယ်။ ငယ့်ဆီက အဖြေပြန်ရတော့ ကိုယ် အရမ်းပျော်သွားတယ်။ အခုချိန်စကစပြီး ငယ်က ကိုယ့်အပိုင်ဖြစ်သွားပြီနော်. . .ငယ့်ကို ပိုင်တဲ့လူက ဒီကမ္ဘာပေါ်မှာ ကိုယ်တစ်ယောက်တည်းနော်. . ."
"ဟုတ်တယ် အခုချိန်ကစပြီး ငယ်က ကိုကို့ အပိုင် . . .ငယ့်ကို ပိုင်တဲ့လူက ဒီကမ္ဘာပေါ်မှာ ကိုကို တစ်ယောက်တည်းရှိသလို ကိုကို့ ကို ပိုင်တဲ့သူကလည်း ဒီကမ္ဘာပေါ်မှာ ငယ်တစ်ယောက်တည်းရှိတာပါနော်. . ."
"ဒါပေါ့ ကိုယ် က ငယ့်အပိုင်ပဲ. . . ကိုယ်ရဲ့ဖြစ်တည်မှုကလည်း ငယ့်တစ်ယောက်တည်း အတွက်ပဲ . . ."
"အား ကိုကို က စကားလုံးလှလှလေးတွေနဲ့ လူကိုအရမ်းခြွေတာပဲဗျာ . . . ငယ်လည်း အရမ်းပျော်တယ်သိလား အခုဆို ငယ်တစ်ယောက်တည်း မဟုတ်တော့ဘူး ငယ့်မှာ ကိုကို ရှိနေပြီဆိုတော့. . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)