❤️Part. 9 Unicode 🖤

157 17 4
                                    

Saint Company ထဲဝင်လိုက်တာနဲ့ ဝန်ထမ်းတွေက Saint ကိုအရိုအသေပေး နှုတ်ဆက်ကြတယ်။ Saint လဲ ပြန်နှုတ်ဆက်ပြီး P ' Jo ရုံးခန်းဆီတန်းသွားလိုက်တယ်။ရုံးခန်းရှေ့မှာ ထိုင်နေတဲ့ P 'Jo အတွင်းရေးမှူးက

"မင်္ဂလာပါ သခင်လေး Saint..."

"မင်္ဂလာပါ P 'Jo ရှိိတယ်မလား . . ."

"ဟုတ်ကဲ့ ရှိပါတယ် သခင်လေး. . ."

Jo လဲ လက်မှတ်ထိုးရန်ကျန်ရှိနေသေးသော ဖိုင်အားလက်မှတ်ထိုးရန်ပြင်နေစဥ် တံခါးခေါက်သံနှင့်အတူ Saint ရုံးခန်းထဲသို့ရောက်လာလေသည်။

"P အလုပ်တွေရှုပ်နေတာလား . . "

Saint ပုံစံကြည့်ရတာ သူ့ကိုတခုခု ပြောချင်နေတဲ့ပုံကြောင့်

"မရှုပ်ပါဘူး Saint ရ ဘာပြောစရာရှိလို့လဲ ပြောတော့ ဒီရက်ပိုင်း Company မလာသေးဘူးဆို ပန်းချီပြိုင်ပွဲအတွက် ပုံဆွဲ ရမှာဆို. . ."

"ဟုတ်တယ် ပုံကဆွဲနေတာ ငယ် သင်တန်းတက်ရတာနဲ့နက်ဖန်မှဆက်ဆွဲမယ်ဆိုပြီး Pဆီလာတာ ​. ."

"ညနေ အလုပ်ကိစ္စတွေရှိသေးလား P . . .
မရှိဘူးဆိုရင် ခနနေ ငယ့်ကို သင်တန်းကကြိုပြီး ရင် Mean ဆိုင်ကိုလိုက်ခဲ့ပေးလို့ရမလားP . . "

"အင်း အလုပ်ကိစ္စတေက အတွင်းရေးမှူးနဲ့လွှဲထားခဲ့လို့ရတယ် လိုက်ခဲ့မယ်လေ . . တခုခု ပြောစရာရှိလို့လား. . ."

"ဟုတ်ကဲ့ အဲ့ကျမှ ကျွန်တော်ပြောပြတော့မယ် ကျွန်တော့်ကားနဲ့ပဲ လိုက်ခဲ့တော့နော် P ကားကိုက Driver ဦးလေးကြီးနဲ့ပဲ အိမ်ကိုပြန်လွှတ်လိုက်တော့နော် အဲလိုလုပ်လို့ အဆင်ပြေတယ်မလား . . ."

"ပြေပါတယ်ကွာ . . . ."

Saint လဲ အလုပ်ကိစ္စအကြောင်း ​နည်းနည်းပါးပါးပြောပြီးတာနဲ့ ငယ့်သင်တန်းဆင်းချိန်ကနီးနေတာကြောင့် ငယ့်ကိုကြိုရန်အတွက်P' Jo နဲ့အတူ Company ကထွက်လာလိုက်တယ်။

Jo လဲ အတွင်းရေးမှူးကို အလုပ်ကိစ္စများမှာကြားပြီး Saint နဲ့ လိုက်လာခဲ့လိုက်တယ်။သူ့ကားနဲ့ပါခေါ်တယ်ဆိုတော့ တခုခုတော့ တခုခုပဲ လို့လဲ စိတ်ထဲကတွေးနေမိတယ်။

ငယ့်သင်တန်းရှေ့ရောက်တော့ သင်တန်းဆင်းဖို့ နဲနဲလိုသေးတာမို့ ငယ့်ဆီစာပဲပို့လိုက်တယ်။

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now