"ညီ . . .ကိုယ်ရောက်နေပြီ . . ."
"Plan. . . Pရောက်နေပြီ. . ."
"ဟုတ်ကဲ့ အကို ကျွန်တော် အခုပဲဆင်းလာပြီနော် . . ."
"ဖြည်းဖြည်း ဆင်းလာနော် ငယ်. . ."
"ဟု. . .ဟုတ်ကဲ့ အကို . . ."
Perth တစ်ယောက် Saint က သူ့ကို ငယ်လို့ ခေါ်လိုက်တာကြောင့် ကြောင်သွားပေမဲ့
'ငါနားကြားမှားတာနေမှာပါ ကိုကို က ငါ့ကို ငယ်လို့ခေါ်ပါ့မလား. . .'
"ဟုတ်ကဲ့ P အခုပဲ ဆင်းလာပြီနော် . . ."
"Plan သွားမယ်လေ ကိုကိုတို့ရောက်နေပြီတဲ့ . . ."
"အေးပါ. . ."
Perth အဆောင်အောက်ရောက်ရောက်ချင်းသူ့ကိုကို ရှိရာဆီ ကြည့်လိုက်မိသောအခါကားကိုမှီထားပြီး လက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ထားကာ P' Mean နဲ့ စကားပြောနေတဲ့ ကိုကို ဟာ အရင်နေ့တွေကထက် ပိုပြီးခန့်ကာ ချောနေလေသည်။
' ကျွန်တော့်ကို အသက်ရှူမှားအောင်အရမ်းလုပ်တာပဲ ကိုကိုရာ . . .'
"Mean အဆင်ပြေလောက်မှာပါနော် . . .ငါရင်တွေတုန်နေတယ်ကွ. . ."
"အဆင်ပြေမှာပါ စိတ်အေးအေးထား ဟုတ်ပြီလား . . ."
"အေးပါ . . ."
"Perth နဲ့ Baby တို့ဆင်းလာပြီကွ. . ."
"အော် အေးအေး . . ."
Perth နဲ့ Plan လည်း Saint နဲ့ Mean တို့ဆီသွားလိုက်ပြီး
"အကို အကြာကြီးစောင့်လိုက်ရလားဟင်. . ."
"မစောင့်ရပါဘူး ငယ်ရ . . .သွားကျရအောင်လေ . . .P'Jo လည်း ကိုယ်တို့ကို စောင့်နေလောကပြီ . . ."
"ဟုတ်ကဲ့ အကို . . ."
'ခုန က ကိုကို ငါ့ကို ငယ်လို့ခေါ်လိုက်တာလားလို့ ငါပဲနားကြားထပ်မှားတာလား . . .'
Saint လည်း Perth ကို ကားတံခါးကို ဖွင့်ပေးကာ Lover seat မှာထိုင်စေသလို Mean ကလည်း Plan ကို ကားတံခါးဖွင့်ပေးကာ နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။
Saint တို့မောင်းနှင်လာတဲ့ကားလေးဟာ Hotel သို့ရောက်သည်နှင့်Saint တို့ လေးယောက်လည်း P'Jo ရှိရာ VIP ခန်းဆီသို့ဦးတည်သွားလေသည်။
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)