Plan တစ်ယောက်လည်း Perth ကို Mean ရုံးခန်းထဲက ထွက်လာတာမြင်တော့
"Perth ဘာဖြစ်လို့လဲ P'Mean ကမင်းကို ဘာခေါ်ပြောတာလဲဟင် . . ."
Perth ကိုမေးနေရင်း Plan စိတ်ထဲမှာလည်း Perth ရဲ့မျက်နှာက ပြုံးပျော်ပြီး ဝမ်းသာကြည်နူးမှုတွေနဲ့ ပြည့်နေတော့ ကောင်းတဲ့ ကိစ္စပဲဖြစ်မှာပါလို့ တွေးနေမိသည်။
Perth က Plan မေးတာကို ပြန်မဖြေသေးဘဲ
"Plan ငါ့ကိုလေ တစ်ချက်လောက်ရိုက်ရင်ရိုက် မရိုက်ရင်လည်း ဆွဲဆိတ်ပေးပါလားကွာ. . ."
"ဟင် ! အေးအေး . . ."
Plan လည်း Perth ကျောပြင်ကို မပျော့မပြင်းလက်သံနဲ့ ရိုက်လိုက်လေသည်။
"အား !နာတယ်ကွ . . ."
"ဟေ့ကောင် ဖြည်းဖြည်းအော်လေကွာ ငါရိုက်တာ အားသိပ်မပါပါဘူးနော် . . ."
"နာတယ်ဆိုတော့ အိမ်မက်မဟုတ်ဘူးပေါ့နော် တကယ်ပေါ့နော် . . . . . ."
"အေးလေ အိမ်မက်မက်နေတာမဟုတ်ဘူး တကယ်လေ . . ."
ထို့နောက် Plan တစ်ယောက် Perthရဲ့ ရုတ်တရက်ဆွဲဖက်ခြင်းကိုခံရကာ
"ငါပျော်လိုက်တာ Plan ရာ ဘယ်လိုပျော်မှန်းကိုမသိတာ ငါ့ဘဝမှာဒီလောက်မပျော်ဖူးဘူးသိလား. . .ငါအရမ်းပျော်တာပဲကွာ . . ."
Plan မှာ Perth ကသူမေးတာကိုပြန်မဖြေသေးဘဲ Perth ကသူ့ကိုရိုက်ခိုင်းလိုက် အခုလည်း ရုတ်တရက်ကြီးဆွဲဖက်ခံရကာ သူအရမ်းပျော်နေကြောင်းပြောနေတဲ့ Perth ကြောင့် ကြောင်တောင်တောင်လေးဖြစ်နေသည်။
"Perth ဘာဖြစ်လို့လဲကွာ ငါမေးတာလည်း ပြန်မဖြေသေးဘူး. . ."
Perth လည်း Plan ကို ဖက်ထားရာမှ လွှတ်လိုက်ပြီး
"ကိုကို ပန်းချီပြိုင်ပွဲမှာ ပထမရတယ်ကွ သိလား . . ."
"ဟုတ်လား မင်း Model ထိုင်ပေးလိုက်ရပြီး မင်းပုံတူပန်းချီနဲ့ပြိုင်တဲ့ ပန်းချီပြိုင်ပွဲမှာဆုရတာလား. . ."
"အေးဟုတ်တယ်ကွ . . ."
"ငါလည်း အရမ်းဝမ်းသာတယ် Perthရာ အဲနေ့ထဲက P'Jo ရော P'Mean ရော ငါရောပြောတယ်လေကွာ P'Saint ပြိုင်ပွဲမှာ အနိုင်ရမှာပါလို့ . . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)