Perth လည်းဒီရက်ပိုင်း သင်တန်းကပြီးတော့မှာဖြစ်တာကြောင့် စာမေးပွဲဖြေရတာရယ် ၊ ပညာတော်သင်လျှောက်ဖို့အတွက် စာဖြေရတာတွေရယ် တွေကြောင့် ကိုကိုနဲ့တောင်အေးအေးဆေးဆေးမတွေ့ဖြစ်ပေ။
အခုတော့ သင်တန်းကစာမေးပွဲရော ပညာတော်သင်အတွက်စာမေးပွဲရော အကုန်ဖြေပြီးသွားပြီမို့ ဒီတပါတ်ပိတ်ရက်မှာ ကိုကိုနဲ့ Date ဖို့အစီစဉ်ဆွဲထားသည်။
Perth ပညာတော်သင်လျှောက်ဖြစ်တာက တိုကျို တက္ကသိုလ်က ပညာတော်သင်ကျောင်းသားကို ပညာသင်စရိတ် အပြင် ကျောင်းသားများနေဖို့အဆောင် နဲ့ အစားအသောက်အတွက်ပါ အကုန်အစစအရာရာတာဝန်ယူတာကြောင့် Perth ပညာတော်သင် သွားခွင့်ရချင်မိတာတော့အမှန်ပင်။
ကိုကို့ကို သူပညာတော်သင်လျှောက်ကြည့်ချင်တယ်လို့ပြောတော့ သူ ပညာတော်သင်သွားခွင့်ရရင် ကိုကိုနဲ့ အချိန်အတိုင်းအတာတစ်ခုထိခွဲရမှာဖြစ်ပေမဲ့ ကိုကိုက. . .
"ကိုယ့်က ငယ့်အနာဂတ် တက်လမ်းကိုပိတ်ပင်တားဆီးတဲ့သူမဖြစ်ချင်ဘူး. . ." လို့ပြောပြီး ကြည်ကြည်ဖြူဖြူနဲ့ပင်သဘောတူသည်။
ကိုကို့ဆီက
"ငယ်က ကိုယ့်ဘဝရဲ့ လက်တွဲဖော်ဆိုတာကိုလည်း အိမ်ကိုဖွင့်ပြောဖို့ကိုယ်စီစဉ်ပြီးသား. . ." လို့ကြားလိုက်ရတဲ့အချိန် Perth အတိုင်းမသိပျော်ရွှင်မိတာအမှန်ပါ။ဒါပေမဲ့ Perth နေထိုင်ခဲ့ရတဲ့ လူမှုဘဝပတ်ဝန်းကျင်နဲ့ ကိုကို နေထိုင်ရတဲ့ လူမှုဘဝပတ်ဝန်းကျင်ရဲ့ ကွဲပြားခြားနားချက်တွေကြောင့် Perth အနေနဲ့ ကိုကိုတို့မိသားစုအသိုင်းအဝိုင်းထဲဝင်ဖို့ မဝင့်မရဲဖြစ်မိတာအမှန်ပင်။ကိုကို့မိသားစုအခြေအနေနဲ့ Perth မိသားစုအခြေအနေက မိုးနဲ့မြေလိုကွာခြားလွန်းလှသည်မဟုတ်လား။
"Ring . . .Ring . . Ring . . ."
Perth တစ်ယောက်အတွေးလွန်နေတုန်း ကိုကို့ဆီမှ Ph ဝင်လာလေသည်။
Saint လည်း ဒီရက်ပိုင်း ငယ်နဲ့အေးအေးဆေးဆေး မတွေ့ရသေးတာကြောင့် ဒီတပါတ်ပိတ်ရက်မှာ ငယ်နဲ့ Date မယ်လို့စီစဉ်ထားသည်။သူ့တိုက်ခန်းမှာလာပြောင်းနေဖို့ပြောင်းနေဖို့လည်းပြောရမည်။ Saint လည်း အစီစဉ်တွေဆွဲနေရင်းနဲ့ ငယ့်ဆီ Ph ခေါ်လိုက်သည်။
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)