Perth လဲ Plan နဲ့ တွေ့တာနဲ့ Plan နဲ့အတူအဆောင်ကိုလိုက်လာလိုက်တယ်။ ခနတဖြုတ်နားပြီးတာနဲ့ ကျွန်တော် တက်ရမဲ့ Japan သင်တန်းကိုသွားအပ်လိုက်တယ်။သင်တန်းကိုလဲ Plan ကစုံစမ်းပေးထားတာဗျ။Japan သင်တန်းတက်တာကလဲ အရင်က သင်တန်းတက်လက်စရှိတာကြောင့် ရယ် scholar လျှောက်ချင်လို့လဲ အခုလိုဆက်တက်ဖြစ်တာ။သင်တန်းအပ် လိုအပ်တာတွေဝယ် တာနဲ့ အဆောင်ကိုညမိုးချုပ်မှပဲပြန်ရောက်တော့တယ်။
"Perth မင်းလဲပင်ပန်းနေပြီဆိုတော့ စောစောအနားယူပြီးအိပ်တော့နော် မနက် ၇နာရီ အဆောင်ကစထွက်မယ်နော် ဆိုင်က ၈နာရီဖွင့်မှာဆိုတော့ "
"အေးအေး မင်းလဲစောစောအနားယူတော့နော် ငါ့ကြောင့် ဒီနေ့တော်တော်ပင်ပန်းသွားပြီ အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်ကွာ "
Perth လဲ တနေကုန်ပင်ပန်းထားသဖြင့်ရေမိုးချိုးပြီး အိပ်စက်ခြင်းဆီသို့ ဦးလေသည်။
နောက်တနေ့မနက် ကော်ဖီဆိုင်တွင်
"အကို Mean "
"Plan တောင်ရောက်လာပြီလား"
"ဟုတ်ကဲ့ ရောက်လာပြီ ဒါကျွန်တော့် သူငယ်ချင်း Perth ပါ Pအလုပ်အသစ်ခန့်လိုက်တဲ့တယောက်ပါ သူဒီနေ့အလုပ်စဝင်မှာပါ။"
"အော် ညီလေး Perth မင်္ဂလာပါ "
"ဟုတ်ကဲ့ မင်္ဂလာပါ အကိုMean"
"Plan ကပဲ ညီလေးPerth လုပ်ရမဲ့ အလုပ်တေကိုသင်ပြပေးလိုက်နော်"
"ဟုတ်ကဲ့ အကိုMean"
"ပြီးတော့ ညီလေးPerth အကို့ ကို ညီလေးရဲ့အကို အရင်းတယောက်လိုပဲသဘောထားနော်။ ဒီဆိုင်မှာအလုပ်လုပ်တဲ့ ဝန်ထမ်းတေအကုန်လုံးက မိသားစုလိုပဲ နွေးနွေးထွေးထွေးနေကျတာကွ လိုအပ်တာတေ အခက်အခဲတေရှိရင်ပြောနော် ဘာမှအားမနာနဲ့ "
"ဟုတ်ကဲ့ ကျေးဇူးပါ အကိုMean "
"ရပါတယ်ကွာ မလိုပါဘူး"
"ဟုတ်ကဲ့ အဲဒါဆို ကျွန်တော့် တို့အလုပ်သွားလုပ်တော့မယ်နော် အကိုMean "
"Ok ok"
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)