Perth အဆောင်ပြန်ရောက်တဲ့အထိ Plan မှာပြန်မရောက်သေးတာကြောင့်
"Plan တစ်ယောက်ဘာလို့ပြန်မရောက်သေးတာပါလိမ့် . . .Hotel ကနေ အတူတူထွက်လာတာကို . . ."
သိပ်မကြာခင်မှာPlan ပြန်ရောက်လာကာ
"Perth မင်းကပြန်တောင်ရောက်နေပြီလား. . ."
"အေးခုနကပဲပြန်ရောက်တာ. . ."
Perth စကားပြောရင်း Plan မျက်နှာကိုကြည့်လိုက်ရာ မျက်နှာမှာအနည်းငယ်နီရဲနေကာ မျက်ဝန်းထဲတွင်လည်းပျော်ရွှင်ကြည်နူးရိပ်များကိုတွေ့လိုက်ရတာကြောင့်. . .
"Plan မင်း မျက်နှာနီနေတယ်နော် ပြီးတော့ မင်းမျက်လုံးတွေထဲမှာလဲ ငါတခုခုကိုတွေ့နေရသလိုပဲနော်. . . ဘာဖြစ်လာတာလဲ Plan. . ."
"ဟင် . . .ဟု. . .ဟုတ်လား. . ."
"အေးဟုတ်တယ် . . .ဘာဖြစ်လာတာလဲ . . ."
"အေးပါ. . .ငါ ပြောပြပါ့မယ်ကွာ. . ."
Plan လည်း Perth ကို အကြောင်းစုံပြောပြလိုက်လေသည်။
"တ. . .တကယ် ကြီးလား . . .Plan "
"အေးတကယ်ပါဆိုကွာ. . ."
"Plan မေးစရာလေးရှိတယ် ငါအရမ်းသိချင်နေလို့ မင်းအမှန်တိုင်းဖြေနော်. . ."
"အေးပါ. . .မင်းက ဘာ. . .ဘာမေးမှာလဲ. . ."
"မင်း P 'Mean ကိုအဖြေပြန်ပေးလိုက်တာက P ကအဖြေအတင်းတောင်းလို့ မင်းစိတ်ထဲက မပါဘဲအဖြေပေးလိုက်ရတာလား . . .ဒါမှမဟုတ်. . .မင်းစိတ်ထဲကလည်း P ကိုတကယ်ချစ်လို့ အဖြေပြန်ပေးလိုက်တာလား. . ."
"ဟ. . .ဟင်. . ."
"Plan မင်းအမှန်တိုင်းဖြေနော်. . ."
"အဲ. . .အဲဒါက ငါစိတ်ထဲကလည်းတကယ်ချစ်လို့ အဖြေပြန်ပေးလိုက်တာ. . ."
"တကယ် . . .မင်း P ကို ဘယ်အချိန်ထဲက စိတ်ဝင်စားသွားတာလည်း . . .ငါတောင်မသိလိုက်ရဘူး. . ."
"အဲဒါက ငါအလုပ်စဝင်ထဲက P ကိုစတွေ့ထဲက . . . မင်းကိုမပြောပြလို့လဲစိတ်မဆိုးပါနဲ့ကွာ. . ."
"ငါ့မှာတော့ ကိုကို့ ကိုဘယ်လိုချစ်ကြောင်းမင်းကိုပြောပြလိုက်ရတာ မင်းကတော့ငါ့ကို နည်းနည်းလေးတောင်မပြောပြဘူး. . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)