Ring . . .Ring . . .Ring
မနက်စောစော Phမြည်သံကြောင့် Perth အိပ်ချင်မူးတူးဖြင့် Ph Screen ကိုသေချာမကြည့်ပဲ Ph ကိုင်လိုက်လေသည်။
"Hello . . ."
"Hello . . .Morning ငယ် . . . "
Saint မှာမနက်အိပ်ယာနိုနိုးချင်း ငယ့်အသံလေးကိုကြားချင်တာကြောင့် ငယ့်ဆီPh ခေါ်လိုက်လေသည်။သူတောင်ဘာမှမပြောရသေးခင် တဖက်မှ ငယ့်ရဲ့ အိပ်ချင်မူးတူးအသံလေးကိုကြားလိုက်ရတာကြောင့် ငယ်မျက်နှာလေးကို ပြေးတွေ့ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
"He. . .Hello . . .ကိုကို. . ."
"ကိုယ့်ရဲ့ ငယ့်အသံလေးကိုနားထောင်ရတာ အခုမှအိပ်ယာနိုးတာထင်တယ် ကိုယ့်ကြောင့်အိပ်ရေးပျက်သွားရင် ကိုယ်တောင်းပန်ပါတယ်ငယ်. . ."
Perth တစ်ယောက် တဖက်က ကြားလိုက်ရတဲ့ ကိုကို အသံကြောင့် Ph Screen ပေါ်က Contact Name ကိုပြန်ကြည့်မိရာ ကိုကို့ဆီမှ Ph ဖြစ်နေတာကြောင့် ဝမ်းသာသည်။
"ငယ် အိပ်ရေးမပျက်ပါဘူး ကိုကိုရဲ့ ကိုကို Ph မဆက်ရင်တောင် ငယ် ခနနေအိပ်ယာထတော့မှာဗျ. . . ဒါနဲ့ ကိုကို ငယ့်ဆီ မနက်အစောကြီး ph ဆက်တာ ဘာဖြစ်လို့လဲဟင်. . ."
"ဘာမှမဖြစ်ပါဘူး ငယ်ရဲ့ အိပ်ယာနိုးနိုးချင်း ငယ့်အသံလေးကို ကြားချင်လို့ ကိုယ် Ph ဆက်လိုက်တာ. . ."
"ဟာဗျာ . . .ကိုကိုရာ မနက်အစောကြီး ငယ့်ကိုခြွေနေပြန်ပြီဗျာ. . . အရမ်းချစ်တယ် ကိုကိုရာ. . ."
"အိမ်း မရတော့ဘူး ငယ့်ကို အရမ်းတွေ့ချင်လာ . . .ကိုယ်ခဏနေ ငယ့်ကိုလာခေါ်မယ်နော် ငယ် အဆင်သင့်လုပ်ထားနော်. . .အရမ်းချစ်တယ်ငယ်. . ."
"ဟုတ်ကဲ့ကိုကို ကားကို ဂရုစိုက်မောင်းလာဦးနော်ကိုကို . . ."
"ဟုတ်ကဲ့ပါဗျာ. . ."
Perth လည်း Saint နဲ့ Ph ပြောပြီးတာနဲ့ အိပ်ယာမှထကာ ကိုကိုလာရင် အဆင့်သင့်အောင်ဖြစ်အောင် ပြင်ဆင်တော့သည်။
Plan မှာလည်း Message ဝင်သံကြောင့် နိုးလာကာ Ph ကိုယူကြည့်မိတော့
"ကို့ရဲ့Baby လေး Morning . . . အိပ်ယာနိုးနေပြီလား . . ."
"နိုးနေပြီ ဘာလုပ်မို့လဲ. . ."
Reply ပြန်တာသာ ဂျစ်တစ်တစ်ပြန်နေပေမဲ့ တကယ်တမ်း ဘယ်လောက်ပျော်နေမိသလဲဆိုတာ သူကိုယ်တိုင်အသိဆုံးပင်ဖြစ်သည်။
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)