Saint လဲPerth ကိုနှုတ်ဆက်ပြီးသည်နှင့် Mean နဲ့အတူ ကားစီသို့လျှောက်လာခဲ့သည်။
Saint ကားပေါ်ရောက်သည်နှင့် ပထမဆုံးလုပ်မိသည့် အရာက Ph ကိုဖွင့်ကာ call logထဲမှ ငယ့် Ph no ကို Contact မှာ မှတ်ခြင်းပင် name နေရာတွင်မှတ်ထားသည်က ရိုးရိုးရှင်းရှင်းလေးပင်
'🖤ငယ်🖤' ဟူ၍ မှတ်ထားပြီး Favorites ထဲတခါတည်း တန်းထည့်ကာ ငယ့် အတွက်သီးသန့် ringtone လေးအဖြစ် CHEN ရဲ့ ' 'Best Lucky ' သီချင်းလေးကို ပါ ထည့်ကာ Contact တွင် save လိုက်သည်။ (Chen ရဲ့ Best Lucky သီချင်းလေးက ကိုယ်အရမ်းကြိုက်လို့ )
Mean တစ်ယောက်လည်း ကားပေါ်စရောက်ကတည်းက ph တလုံးနဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသော Saint ကိုကြည့်ကာ
"Saint မင်း Ph တလုံးနဲ့ ဘာတေအလုပ်ရှုပ်နေတာလဲ . . ."
"ငယ့် Ph no ကို save နေလို့ကွ. . ."
"အော် အေးပါကွာ အေးပါ. . ."
"ငယ်နဲ့ စကားပြောကြည့်မှလေ ငယ်က လိမ္မာရေးခြားရှိတယ် ကွ စကားပြောတာလေးကအစ ကျွန်တော် ကျွန်တော်နဲ့ကွာ ။ငါလေ ငယ်နဲ့သာ ဘာမှမဖြစ်လို ခပ်တည်တည်နဲ့စကားပြောနေပေမဲ့ ငါ့ရင်ထဲမှာ ဝုန်းဒိုင်းကြဲနေတာကွ။
ငါပြောတာနားမလည်လို့ ပြန်မေးတုန်းကဆိုကွာ မျက်လုံးလေးက မသိမသာလေး ပြူးပြီး တော့ကွာ ငါပြောတာကို ခေါင်းလေးတငြိမ့်ငြိမ့် နားထောင်နေတာလေးကကွာ အရမ်းချစ်ဖို့ကောင်းတယ်ကွာ။
ငယ်နဲ့ အကြည့်ချင်းဆုံ သွားရင်လဲ ငါရင်ထဲမှာကွာ မုန်တိုင်းဝင်သလားအောက်မေ့ရတယ်ကွာ။ ငယ်ရယ်လိုက်ရင်လဲ မျက်လုံးလေးတေကပိတ်သွားပြီး အရမ်းအသည်းယားဖို့ကောင်းတယ်ကွာ။
တလမ်းလုံးကား ပေါ်မှာ တငယ်ထဲ ငယ်လာတာ ကုန်တိုက် ထဲရောက်တဲ့အထိပင် ကုန်တိုက်မှာ ပန်းချီဆွဲရန်အတွက် လိုအပ်တဲ့ ပစ္စည်းများကို ဝယ်၍ ညစာပါတခါတည်းစားပြီး Mean လဲ Saint ကို အိမ်ထိလိုက်ပို့ကာ အိမ်သို့ပြန်လာလိုက်သည်။ အိမ်အပြန်လမ်းတွင် Mean စဥ်းစားမိတာက သူ့သူငယ်ချင်းရဲ့ ငယ်ရောဂါက တော်တော်ကျွမ်းနေပြီဟူ၍ပင်။
Perth လဲ ဆိုင်ထဲမှ ထွက်သွားပြီဖြစ်သော Saint ရဲ့ ကျောပြင်ကျယ်ကြီးကို ငေးကြည့်နေတုန်း
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)