❤️Part .1 ZG (Zawgyi)🖤

466 15 2
                                    

Perth တယောက်သူစီးရမည့် ကားထွက်ရန်အချိန်နီးနေသဖြင့်

"ဉီးလေးနဲ့ ဒေါ်လေး ကျွန်တော်သွားတော့မယ် . . . မသွားခင် ကန်တော့ချင်လို့"

Perth ​နှုတ်ဆက်တာကိုကြားတဲ့ဒေါ်လေးမှာ မျက်နှာကို မဲ့ကာရွဲ့ကာဖြင့် မျက်လုံးမှာလဲအထင်သေးသောအကြည့်များဖြင့် Perth အားကြည့်ကာ နှုတ်မှလဲ

"အေးအေး သွားသွား အလုပ်လုပ်ပြီး ပိုက်ဆံတေအများကြီးရှာနိုင်တဲ့ သူဌေးကြီး ဖြစ်သွားရင် မင်းဉီးလေးနဲ့ ဒေါ်လေးကိုမမေ့နဲ့ပေါ့ကွယ်"

"မေကြီးကလဲကွာ ခရီးသွားမဲ့ကလေးကို သွားခါနီးလာခါနီး စိတ်အနှောင့်အယှက်ဖြစ်စေမဲ့စကားတေမပြောပါနဲ့ကွာ"

"သား Perth သွားရမဲ့ လမ်းခရီးမှာ သူတော်ကောင်းတေနဲ့ပဲတွေ့ပြီး သူယုတ်မာတို့နဲ့ မဆုံရပါစေနဲ့ကွာ အလုပ်အကိုင်လဲအစစအရာအရာအဆင်ပြေပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ. . . ဉီးလေး"

"အစစအရာရာ အဆင်ပြေပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ. . .ဒေါ်လေး"

ဉီးလေးကတော့ စိတ်ထဲရှိတဲ့အတိုင်းဆုပေးပေမဲ့ ဒေါ်လေးကတော့ ဝတ်ကျေတန်းကျေ ကိုယ်က ကန်တော့လို့ တာဝန်အရ ဆုပြန်ပေးတယ်ဆိုတာကို သိပေမဲ့ ဘာပဲဖြစ်ဖြစ် ဆုမပေးတာထက်စာရင်တော့တော်သေးတယ်မလားဗျာ. . .

"အဲဒါဆို ကျွန်တော်သွားပြီနော် ကားလဲထွက်ခါနီးပြီဆိုတော့ "

"အေးအေး အစစအရာရာလဲဂရုစိုက်ဉီးနော် သား ဉီးလေးကိုယ်တိုင်လိုက်ပို့ပေးချင်တာ ရုံးကအလုပ်ကိစ္စကလဲအရေးကြီးတာနဲ့မို့လိုက်မပို့နိုင်တာ စိတ်မကောင်းမဖြစ်နဲ့နော်သား "

"ရပါတယ်ဗျာ ဉီးလေးလဲ ကျန်းမာရေးဂရုစိုက်နော် ဒေါ်လေးရောပဲ "

ကျွန်တော်လဲနှုတ်ဆက်ပြီးကားဂိတ်ဆီသို့လာခဲ့လိုက်လေသည်။ ကားဂိတ်ရောက်သည်နဲ့ ကားDriver ဉီးလေးကြီးက

"လူလေး ကားကခနနေထွက်တော့မှာ ကားပေါ်တက်နေလို့ရပြီ "

"ဟုတ်ကဲ့ "

များမကြာမီ ကားဘီးလေးများ စတင်ရွေ့လျားကာ ​မွေးရပ်မြေ မြို့လေးမှ ထွက်ခွါနေပြီဖြစ်သည်။ Perth လဲ ကားထွက်သည်နှင့် Plan ဆီ ph ဆက်လိုက်သည်။

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now