❤️Part .12 Unicode 🖤

141 15 11
                                    

Saint လဲ Mean နဲ့ စကားပြောရင်း ငယ် သင်တန်းသွားမဲ့ အချိန်ကိုစောင့်နေလိုက်သည်။

Perth လဲ ထမင်းစားပြီး တာနဲ့ လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။ အကို Mean နဲ့ စကားပြောနေတဲ့ ကိုကို့ ကို ခိုးခိုးကြည့်ရင်းပေါ့ . . .

Perth လဲသင်တန်းသွားရမဲ့ အချိန်ရောက်တာနဲ့ သင်တန်းသွားမို့ ဆိုင်ထဲကအထွက်သူ့ကိုလှမ်းခေါ်လိုက်တဲ့ ကိုကို့ ရဲ့အသံကြောင့် သူအတိုင်းမသိပျော်မိသွားသည်။

"ညီ . . ."

"ဗျာ . . .အကို "

"ညီ. . . သင်တန်းသွားတော့မှာမလား. . ."

"ဟုတ်ကဲ့ "

"ကိုယ် ညီ့ကို သင်တန်းလိုက်ပို့ပေးမယ်. . .ကိုယ်လဲ Company ကိုပြန်မှာဆိုတော့ . . ."

"ဟုတ်ကဲ့ . . .အကို"

Saint လဲ Mean နဲ့စကားပြောနေရင်း ငယ်သင်တန်းသွားတော့မှာကို မြင်တာကြောင့်

"Mean ငါသွားတော့မယ် ငယ်သင်တန်းသွားတော့မှာကွ . . .ငါပြန်မလာတော့ဘူး Company ကနေ အိမ်ပဲပြန်တော့မယ်. . ."

"အေးအေး . . . "

Saint လဲ ဆိုင်ထဲကနေအပြင်ထွက်ဖို့ ပြင်နေတဲ့ ငယ့်ကိုလှမ်းခေါ်လိုက်သည်။

"ညီ . . ."

"ဗျာ . . .အကို "

"ညီ. . . သင်တန်းသွားတော့မှာမလား. . ."

"ဟုတ်ကဲ့ "

"ကိုယ် ညီ့ကို သင်တန်းလိုက်ပို့ပေးမယ်. . .ကိုယ်လဲ Company ကိုပြန်မှာဆိုတော့ . . ."

"ဟုတ်ကဲ့ . . .အကို"

ကားတံခါးကိုလဲ Saint ကိုယ်တိုင်ဖွင့်ပေးလေသည်။

ကားပေါ်ရောက်တော့လဲ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲသူမှာ Saint ပင်ဖြစ်သည်။

"ညီ . . . နေရောကောင်းရဲ့လား ? "

"ဟုတ်ကဲ့ ကောင်းပါတယ်. . .ဘာလို့လဲအကို . . ."

"ညီမျက်နှာလေး ချောင်ကျသွားလို့ . . . မေးကြည့်တာပါ. . ."

"အာ . . .ဟုတ်ကဲ့ . . .နေကကောင်းပါတယ်ဗျ"

'ကိုကို့ ကိုလွမ်းနေတာနဲ့ လူက စားချိန် အိပ်ချိန်မမှန်လို့ ပိန်သွားတာဖြစ်မယ် . . .'

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now