Saint က Perth ရဲ့ Luggage အိတ်လေးကိုသယ်ပေးပြီး ကားပေါ်တင်လိုက်သည်။Mean လည်း Plan ရဲ့ Luggage အိတ်ကိုကားပေါ်တင်ပြီးသည်နှင့် လေးယောက်လုံးစကားခဏပြောပြီးတာနဲ့
"Mean အဲ့ဒါဆိုငါတို့သွားတော့မယ်. . ."
"အေးအေး. . ."
Saint လည်းကားပေါ်ရောက်တာနဲ့
"ငယ် ဒီနေ့ ဘယ်သွားချင်လဲ . . .ဘာတွေလုပ်ချင်လဲ. . ."
"ငယ် ကိုကိုနဲ့ အတူတူ ရုပ်ရှင်ကြည့်ချင်တယ်. . ."
"Ok ပါဗျာ. . ."
ငယ်ရုပ်ရှင်ကြည့်မယ်ဆိုတာကြောင့် Saint လည်းရုပ်ရှင်ရုံသို့မောင်းနှင်လာလိုက်သည်။ရုပ်ရှင်ရုံရောက်တော့လည်း ငယ်ကြိုက်တဲ့ရုပ်ရှင်ဇာတ်ကားကိုသာရွေးစေသည်။
Perth လည်း သူကြည့်ချင်တဲ့ ဇာတ်ကားကိုရွေးပြီးတာနဲ့ လက်မှတ်ဖြတ်နေတဲ့ကိုကို့ကို စောင့်နေလိုက်သည်။လက်မှတ်ဖြတ်တော့ ကိုကိုက ရိုးရိုးခုံမဟုတ်ဘဲ Coupleခုံကိုဖြတ်တာကြောင့် ရုပ်ရှင်လက်မှတ်ရောင်းတဲ့အစ်မနှစ်ယောက်ရဲ့ ပြုံးစိပြုံးစိနဲ့ကြည့်တာခံလိုက်ရသေးသည်။
Perth တို့လက်မှတ်ဖြတ်တဲ့ ကောင်တာက အထွက် လက်မှတ်ရောင်းတဲ့ အစ်မနှစ်ယောက်ရဲ့စကားကြောင့် Saint နဲ့ Perth ပြုံးမိသွားသည်။
"ဟဲ့ သူတို့နှစ်ယောက်က Coupleလေးဟ. . .အရမ်းချစ်ဖို့ကောင်းလိုက်တာဟာ နှစ်ယောက်လုံးကလိုက်ဖက်ညီနေရော တကယ် ချစ်စရာလေးတွေပါဟယ်. . ."
လက်မှတ်ဖြတ်ပြီးတော့ ရုပ်ရှင်ကြည့်ရင်းစားဖို့ ပေါက်ပေါက်နဲ့ ကိုလာ ဝယ်ရန်နှစ်ယောက်သားထွက်လာခဲ့သည်။
"ငယ် ပေါက်ပေါက်နဲ့ ကိုလာပဲလား. . .တခြားဘာစားချင်သေးလဲ. . . "
"ဟုတ် ကိုကို အဲ့ဒါပဲ တခြားဘာမှမစားချင်တော့ဘူး. . ."
ပေါက်ပေါက်နဲ့ ကိုလာ ဝယ်ပြီးတာနဲ့ ရုပ်ရှင်ပြတော့မယ်ဆိုတာကြောင့် ရုပ်ရှင်ရုံထဲဝင်လာခဲ့ကြသည်။ရုပ်ရှင်စပြပြီဖြစ်တာကြောင့် ရုပ်ရှင်ရုံထဲတွင်မီးအလင်းရောင်မှိန်မှိန်လေးသာရှိတော့သည်။
ရုပ်ရှင်ပိတ်ကားပေါ်က အလင်းရောင်ကြောင့်မြင်နေရတဲ့ ငယ့်မျက်နှာလေးဟာ Saint အတွက်တော့ အချိန်ပြည့်ကြည့်ချင်နေမိတဲ့၊ ဘယ်လောက်ပဲကြည့်ကြည့် ကြည့်လို့မဝနိုင်တဲ့ အဖိုးတန်အရာလေးပင်။
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)