Perth မွေးနေ့ . . .
ည(12:00)နာရီ တိတိတွင် Perth တစ်ယောက်Ph Vibrate ကြောင့် အိပ်ပျော်နေရာမှနိုးလာကာ Ph ကို ယူကြည့်လိုက်ရာ
"Happy Birthday ပါ ငယ်. . .
မွေးနေ့မှာပျော်ရွှင်ပါစေငယ် . . .
ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျပါစေငယ်. . .""ငယ့်မွေးနေ့မှာငယ်နဲ့အတူတူမရှိပေးနိုင်တဲ့အတွက် ကိုယ်တောင်းပန်ပါတယ်ငယ် . . .နောက်လာမဲ့ငယ့်မွေးနေ့တိုင်းမှာကိုယ်ငယ့်အနားမှာအမြဲရှိနေပေးပါ့မယ်. . .အခုကစပြီးငယ့်တစ်ယောက်တည်းမဟုတ်တော့ဘူးငယ့်ဘေးနားမှာကိုယ်အမြဲရှိနေတယ်ဆိုတာသတိရနေပေးပါငယ်. . .အနာဂတ်မှာဘယ်လိုအခက်အခဲတွေပဲရှိလာရှိလာ ကိုယ့်လက်ကိုအမြဲတွဲပေးထားပါငယ်. . .ကိုယ်အလုပ်တွေမြန်မြန်ပြီးအောင် လုပ်ပြီးအမြန်ဆုံးပြန်လာခဲ့မယ်နော် . . .အရမ်းချစ်တယ် ကိုယ့်ရဲ့အဖိုးတန်လူသားလေးရေ . . ."
Perth လည်း Saint သူ့ကို ဆုတောင်းပေးတဲ့မွေးနေ့ဆုတောင်းလေးကိုဖတ်ပြီးကိုကို က သူ့မွေးနေ့အတွက်မွေးနေ့ဆုတောင်းပေးတဲ့ပထမဦးဆုံးသူဖြစ်တာကြောင့်အတိုင်းမသိပျော်ရွှင်နေမိသည်။ကိုကိုငယ့်ကိုဆုတောင်းပေးတဲ့မွေးနေ့ဆုတောင်းလေးက တိုတိုလေးနဲ့ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီးငယ့်အတွက်ပြည့်စုံလို့နေသည်။Perthလည်း Saint ဆီစာပြန်ပို့လေသည်။
"ပေးတဲ့ဆုနဲ့ပြည့်ပါစေကိုကို. . .ငယ်တစ်ယောက်တည်းမဟုတ်တော့ဘူးငယ့်အနားမှာကိုကိုအမြဲရှိနေတယ်ဆိုတာငယ်အမြဲသတိရနေပါတယ်. . .စိတ်ချပါကိုကို ဘယ်လိုအခက်အခဲတွေပဲရှိရှိငယ် ကိုကိုလက်ကိုအမြဲတွဲထားမှာပါ. . .ငယ်လည်းကိုကို့ကိုအများကြီးလွမ်းနေတာမို့အမြန်ဆုံးပြန်လာပါတော့ကိုကိုရေ. . .ငယ်လည်းကိုကို့ကိုအရမ်းအရမ်းချစ်ပါတယ်ဗျာ. . ."
Saint လည်းငယ့်ဆီက စာပြန်ပို့တာကြောင့်
" ကလေးလေး ကိုယ့်ကြောင့်အိပ်ယာနိုးသွားတာလား. . ."
"ငယ်အရမ်းကြီးအိပ်လို့မပျော်သေးပါဘူး ကိုကိုရဲ့ . . . "
"ကိုယ် အစည်းအဝေးခန်းထဲသွားရတော့မယ်ငယ်. . .အိပ်ပျော်အောင်အိပ်နော်ငယ်. . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)