❤️ Part .18 ZG(Zawgyi)🖤

124 3 0
                                    

"မပြေးနဲ့လေ ငယ် ချော်လဲကျဉီးမယ်လေ . . ."

"ဟုတ်ကဲ့ ကိုကို . . ."

တဖက်တွင် Mean နဲ့ Plan မှာလည်း
.
.
.

ကားပေါ်မှတိတ်ဆိတ်ငြိမ်သက်မှုဖြိုခွင်းလိုက်သူမှာ Plan ပင်ဖြစ်သည်။

"Perth အတွက်ဝမ်းသာမိတယ် . . .သူက P'Saint ကို အရမ်းချစ်တာ . . . ကျွန်တော်က သူ့ကို မင်း P'Saint ကိုသဘောကျနေတာလားလို့မေးတော့ သူက  "သဘောကျတာမဟုတ်ပါဘူးကွာ . . .ချစ်တာပါကွ ကိုကို့ ကိုက " ဆိုပြီးပြန်ဖြေတာ. . ."

"ဟုတ်လား Saint လည်း Perth ကို မြင်မြင်ချင်း ချစ်မိသွားတာ Perth ကိုစတွေ့တဲ့နေ့ထဲက တ ငယ်ထဲ ငယ်နေတာ . . . သူတို့နှစ်ယောက်အတွက် ဝမ်းသာမိပြီး သူတို့နှစ်ယောက်နဲ့ ထပ်တူပျော်ရွှင်မိတယ်. . ."

"ဟုတ်တယ် ကျွန်တော်လည်း သူတို့နှစ်ယောက်နဲ့ထပ်တူ ပျော်ရွှင်မိတယ် . . ."

"အဲဒါဆို ကို တို့ နှစ်ယောက်အတွက်ကျတော့ရော . . ."

"ဗျာ! P ဘာပြောတာလဲ ကျွန်တော်နားမလည်ဘူး . . ."

Mean လည်း အားတင်းကာ အရဲစွန့်ပြီး Plan အားဖွင့်ပြောတော့မယ်လို့ ဆုံးဖြတ်ချက်ချကာ ကားကို  လမ်းဘေးတွင်ရပ်လိုက်သည်။

ရုတ်တရက်ကြီး ကားက လမ်းဘေးတွင်ရပ်သွားတာကြောင့် Plan ကြောင်အသွားမိသည်။ကားရပ်လို့ ကြောင်အနေစဉ်မှာပင် Mean က Plan လက်လေးတွေကို ညင်သာစွာ ဆုပ်ကိုင်ကာ သူနဲ့ အကြည့်ချင်းစုံစေတာကြောင့် Plan မှာ ပို၍ကြောင်အကာ အံ့သြသွားသည်။ထို့နောက် Mean မှ

"Plan  ကို အခုပြောမဲ့စကားကိုအလေးအနက်ထားပြီး နားထောင်ပေးပါနော်။ပြီးတော့ ကို ပြောတာလေးတွေကိုလည်းဆုံးအောင်နားထောင်ပေးပါနော်. . ."

"ဗျ. .ဗျာ ဟုတ်ကဲ့ . . ."

Plan ရဲ့စိတ်ထဲတွင်လည်း တခုခုဖြစ်တော့မယ်လို့တွေးနေမိသည်။

"ကို  Plan ကို အရမ်းချစ်တယ်  . . . Plan ကိုချစ်တာ အခုမှမဟုတ်ပါဘူး. . .Plan ကို့ဆိုင်ကို အလုပ်လာလျှောက်တဲ့နေ့ထဲကပါ။ကို Plan ကိုဖွင့်ပြောဖို့ကြိုးစားတိုင်း Plan ကို့ ကို မုန်းသွားမှာ​ကြောက်လို့ ကို့မှာ
ဖွင့်မပြောဖြစ်ခဲ့တာပါ. . . ဒါပေမဲ့ ဒီနေ့မှ ကို Plan ကိုဖွင့်မပြောရင် နောက်ဖွင့်ပြောဖို့က အချိန်အတိုင်းအတာ တစ်ခုထိထပ်ကြာသွားမှာ. . . အဲ့အချိန်အတွင်းမှာ Plan ကို ကိုဆုံးရှုံးရမှာကြောက်တာကြောင့် ကိုယ်အရဲစွန့်ပြီးဖွင့်ပြောလိုက်တာပါ. . ."

ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)Where stories live. Discover now