"ငယ်. . ."
"ကိုကို. . ."
Saint Perth ဆီမပြေးရုံတမယ်ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားလေသည်။
"ကိုယ်အရမ်းလွမ်းနေခဲ့ရတဲ့ ကိုယ့်သည်းငယ်လေး. . ."
"အာ . . .ငယ်လည်းအများကြီးလွမ်းနေခဲ့တာပါနော်. . ."
"အဟမ်း . . .အဟမ်း. . ."
ရောက်ထဲက သူတို့နှစ်ယောက်ကိုရှိတယ်လို့မထင်ဘဲ အချိန်အတော်ကြာ တစ်ယောက်မျက်နှာကိုတစ်ယောက်ချစ်ရည်ရွှန်းလဲ့စွာဖြင့်မျက်တောက်မခတ်တမ်းကြည့်နေကျသော Saint တို့နှစ်ယောက်ကို Mean ကဘေးတွင်သူတို့ရှိကြောင်း လည်ချောင်းရှင်းကာ အသိပေးလိုက်သည်။သူ့အသံကြားတော့မှ Saint က
"Mean . . . Plan . . ."
"အသံပေးမှပဲငါတို့ရှိမှန်းသိတော့တယ်နော် ငါသာအသံမပေးရင် ဘယ်လောက်တောင်အကြည်စိုက်နေကျမလဲမသိဘူး. . ."
"ငယ်နဲ့မတွေ့တာရတာကြာနေပြီလေကွာ မင်းကလည်း. . ."
"US ကို ၁၀ရက်လေးသွားတာကို မသိရင် ၁၀နှစ်လောက်နေပြီးမှပြန်လာတဲ့ပုံစံနဲ့ . . ."
"အဲတော့ဘာဖြစ်လဲကွာ. . ."
"ဘာမှမဖြစ်ပါဘူးကွာ. . ."
လေဆိပ်ကအပြန်ကားပေါ်တွင် Mean ကမောင်းသူနေရာမှာထိုင်ပြီး Plan ကMean နဲ့အတူတူရှေ့တွင်ထိုင်ကာ Saint နဲ့ Perth မှာနောက်ခန်းတွင်ထိုင်လေသည်။
"Saint မင်းတိုက်ခန်းကိုပဲမောင်းရမှာမလား. . ."
"အေး ငါ့တိုက်ခန်းကိုပဲ. . ."
Saint က Perth နဲ့ဘေးမှာထိုင်နေရာမှ Perth လက်ကိုညင်သာစွာဆုပ်ကိုင်ထားသည်။
"ငယ့်မျက်နှာလေး ချောင်သွားတယ်. . .အိပ်ရေးပျက်လို့လား ထမင်းအချိန်မှန်မစားလို့လားငယ်. . .ဒါမှမဟုတ် Mean က ကိုယ်မရှိတဲ့ရက်တွေမှာ ငယ့်ကိုအလုပ်တွေအရမ်းခိုင်းလို့လား. . ."
Saint ပြောတာကိုကြားတဲ့Mean က
"ဟင် . . .Saint ငါ ဘာမှအလုပ်တွေအရမ်းမခိုင်းဘူး မယုံရင် Baby ကိုမေးကြည့်. . ."
"တခုမှမဟုတ်ပါဘူးကိုကိုရဲ့ . . . "
"အဲဒါဆိုဘာဖြစ်လို့ငယ့်မျက်နှာလေးက ချောင်ကျနေတာလဲ .. . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)