"ဒါနဲ့ မင်းဘာပုံဆွဲမှာလဲ စပ်စုတာမဟုတ်ဘူးနော် ငါသိချင်လို့မေးကြည့်တာ "
"အဲဒါက ငါလဲအခုမှစဥ်းစားတုန်း. . . . . "
ထိုစဥ် Saint ရဲ့ မျက်လုံးထဲ ဝင်လာတဲ့အရိပ်လေးတခု . . . . .
အရိပ်လေးက ကောင်ငယ်လေးတစ်ယောက်ဖြစ်သည်။ကောင်ငယ်လေးမျက်ခုံးတေကထူထူလေးဖြစ်တဲ့အပြင် မည်းနက်နေသည်။ရယ်လိုက်ရင်လည်းမျက်လုံးလေးတေကပိတ်သွားသေးသည်။နှာခေါင်းထိပ်မှာရေးရေးလေးပေါ်နေသောမှဲ့လေးကလဲတမျိုးဆွဲဆောင်မှုရှိသည်။ အထူးသဖြင့်မျက်လုံးလေးတေက စူးရှတောက်ပနေသည်။ကောင်ငယ်လေးရယ်လိုက်တာကိုမြင်လိုက်ရတဲ့ကျွန်တော့်အဖို့ နှလုံးခုန်မြန်စေသည်။
ကောင်ငယ်လေးရေ မင်းကတော့ ဘာရယ် မဟုတ်ရယ်လိုက်ပင်ပေမဲ့ မင်းအပြုံးကို မြင်လိုက်ရတဲ့ ကိုယ့်အတွက်တော့ မင်းလေး အပေါ်စွဲလန်းမှုကိုဖြစ်စေတယ်ကောင်ငယ်လေး။ထိုစဥ် Perth ကလဲ Saint ကို ခိုးကြည့်နေရာမှ Saint နဲ့အကြည်ခြင်းဆုံသွားရာ Saint ရင်ထဲ မုန်တိုင်းဖြတ်သွားသလားထင်ရလောက်အောင် ရင်ခုန်သံတေ ဝုန်းဒိုင်းကျဲနေခဲ့သည်။ကိုမင်းကို ချစ်နေပြီဆိုတာ သေချာသလောက်ဖြစ်နေပြီငယ်။စိတ်ကစားတယ်လို့ထင်ရအောင်လဲ ကိုယ့်အသက်အရွယ်က ဆယ်ကျော်သက်မှ မဟုတ်တော့တာလေ။
"Saint. . . Saint . . .Saint!!!"
Mean လဲ သူနဲ့စကားပြောနေရင်းတန်းလန်း ငုတ်တုတ်ကြီး ကြောင်အနေကာ Plan ကို ကြည့်နေသော Saint ကိုခေါ်နေတာမရသဖြင့် သူ့နား နားကပ်ကာအော်ချလိုက်သည်။
"ဟင် ဘာလဲ Mean ရာ တိုးတိုးခေါ်လဲရတာကို ဘာလို့အကျယ်ကြီးအော်ခေါ်ရတာလဲ. . ."
"ဘာ ငါမင်းကိုခေါ်နေတာ အခါပေါင်းမနည်းတော့ဘူး မင်းမှငါခေါ်တာကို မကြားဘဲ ဘာတွေတွေးပြီး ကြောင်အနေလဲမှမသိတာ "
"ဘာမှမတွေးပါဘူးကွာ မင်းကလဲ . ..."
"မဟုတ်ပါဘူး မင်းတခုခုတွေးနေပါတယ် ငါ့ကို မညာနဲ့ပြော ဘာတေငေးပြီးတွေးနေတာလဲ မင်းခုနက ငါ့ကလေးကိုကြည့်နေတာ တွေ့လိုက်တယ်နော် မညာနဲ့ ကလေးကငါ့အပိုင်နော် ဘယ်သူ့ကိုမှ မပေးနိုင်ဘူး လာမလုနဲ့ . . ."
YOU ARE READING
ဇာတ်သိမ်းခန်းမပါသောချစ်ခြင်း (On going)