အပိုင်း ၁/အပိုင္း ၁

73.6K 2.5K 148
                                        

Unicode

"ဘယ်ခွေးမှ လူမထင်ဘူးကွ"

ညဆယ့်တစ်နာရီကျော် ဆယ့်နှစ်နာရီလောက် အချိန်ကြီး အော်ဟစ်သောင်းကျန်းနေသည်မှာ ထုံးစံအတိုင်း ရပ်ကွက်ထဲအတိုးပေးစားသည့် ဒေါ်မိမိကြီးသား  ဒီရေ။ ငယ်စဉ်ကတည်းက
ဖတဆိုးမို့ အလိုလိုက်ခဲ့ရာကနေ အခုချိန်ထိ
ပြောမရဆိုမရနဲ့ ဖြစ်နေတုန်းပင်။

"ဒီရေနော် စနေသား နေတက် ရေတက်မွေးတဲ့ကောင်ကွ မင်းတို့အကုန်လုံးကို သတ် ခွေးစွတ်ပြုတ်လုပ်ပြီး တစ်ရပ်ကွက်လုံးကို
တိုက်ပစ်မယ် ငါ့ကို ဘာကောင်မှတ်နေလဲ စနေသားကွ"

ဒီရေက စနေသား တကယ့်ကိုရေတက်နေတက်မွေးတာပင်။ အဲ့လိုကလေးတွေက ခိုက်တတ်တယ်လို့ အယူအဆရှိပေမဲ့ ဒီရေကိုတော့ ဘယ်သူမှ မယူဆရဲပေ။သူ့အမေ ဒေါ်မိမိကြီးရဲ့ အရှိန်အဝါကြောင့်လည်း ပါမယ်ထင်တယ်။

အခုလည်းကြည့် ညကြီးအချိန်မတော်သောက်စားလာပြီး လမ်းမကနေ‌ဝိုင်းဟောင်ကြတဲ့ ခွေးတွေနဲ့ ရန်ဖြစ်နေပြန်သည်။

"ဟဲ့ ဒီရေ ဘယ်လိုဖြစ်နေတာလဲ တိုးတိုးလုပ်စမ်းပါဟယ် ဘေးအိမ်မှာ လူအသစ်‌ေတွရောက်နေတယ် နင်အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့"

"ဘယ်အကောင်မှ ဂရုမစိုက်ဘူး လူအသစ်မကလို့ အဟောင်းပဲဖြစ်ဖြစ် ကျွန်တော်ဘယ်သူ့ကိုမှ ရန်လိုနေတာမဟုတ်ဘူးအ‌မေ။
ဒီဟောင်နေတဲ့ကောင်တွေကို
နားလည်အောင်ရှင်းပြနေတာ"

"ရှင်းပြနေရအောင် နင်ကလူလေ ဟိုကခွေး
နင့်ကိုမွေးထားတဲ့အမေ ငါကလည်း လူဟဲ့လူ"

ဒေါ်မိမိကြီး စိတ်ဆိုးလည်းဆိုးချင်စရာ။သူမွေးထားတာ လူကနေ
ဟိုဟာ လုံးလုံးကို ဖြစ်ရော။

"အမေ့ သားကိုအဲ့လိုမပြောနဲ့ဗျာ သားတို့မှာ
အမေတစ်ခု သားတစ်ခုပဲရှိတာလေ"

"နင်ပါးစပ်ပိတ်ပြီး အိပ်ရင်အိပ် မအိပ်ရင် မနက်ဖြန်
ပိုက်ဆံတစ်ပြားမှ နင့်ကိုမပေးဘူး"

အာကာ မျက်မှန်ကိုချွတ်ပြီး ရေးလက်စစာကို အဆုံး
သတ်လိုက်ရသည်။စာရေးဖို့ ဘယ်လိုမှ စိတ်နှစ်လို့မရတော့ အိပ်ယာ၀င်ဖို့ပဲဆုံးဖြတ်လ်ုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Место, где живут истории. Откройте их для себя