အပိုင္း ၂၅/အပိုင်း ၂၅

13.5K 1.1K 33
                                        

Unicode

တစ်စုံတစ်ခုနဲ့ တင်းတင်းကျပ်ကျပ် စီးနှောင်ခံရသလို ခံစားချက်ကြောင့် ဒီရေနိုးလာရသည်။ မျက်လုံးတွေကို
ဖွင့်ကြည့်လိုက်တော့သူ့ကို တင်းကျပ်စွာ ဖက်ထားပြီး
တဲ့အပြင် ခွထားတဲ့ အသေးလေးကြောင့်ဆိုတာ
သိလိုက်သည်။ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး ရုန်းကြည့်ပေမဲ့ မရ။

"အာကာ ဟေးးး အာကာ"

ပါးကိုကိုင်ပြီး လှုပ်နှိုးပေမဲ့ မနိုး။အိပ်ချင်ယောင်ဆောင်သောသူ နှိုးရခက်သည်
ဆိုတဲ့အတိုင်း အိပ်ချင်ယောင်ဆောင်နေမှန်း ရိပ်မိလိုက်သည်။

"ခင်များ အိပ်ချင်ယောင်ဆောင်နေတာ သိတယ်နော်
ဖယ်ပေး ဗိုက်ဆာနေပြီ အခုရက်ပိုင်း ဘာမှထွေထွေထူးထူး စား၀င်ထားတာ မရှိဘူး"

အဲ့အခါမှ မျက်လုံးတွေကိုဖွင့်လာပြီး ပြုံးတုံးတုံးနဲ့ ကြည့်လာသည်။

"ကိုယ့်ကို သတိရနေတာမလား"

"ရ‌စရာလား ယောကျာ်းအချင်းချင်းကြီးကို
ကျွန်‌ေတာ့်ကို စိတ်ဆိုးသွားတယ်ထင်ပြီး နေမထိထိုင်မထိဖြစ်နေရုံပဲ ဒါတောင် ကိုယ့်အမှား
ဖြစ်နေလို့သိလား"

မျက်မှန်ဝိုင်းလေးကို ထမ်းပိုးနေကျဖြစ်တဲ့ နှာတံစင်းစင်းလေးကို လက်ညှိုးလေးနဲ့ အသာထိပြီး
ဖြေရှင်းချက်ပေးလိုက်တော့ အလိုမကျဟန်နဲ့ မျက်ခုံးတို့က တွန့်ချိုးသွားရသည်။

"အမှန်တိုင်ပြောလေကွာ ဒါမှ ကိုယ်က နားလည်ပေးလို့ရမှာပေါ့ အခုလိုပဲ ဆက်ပြီး ညာ
နေမယ်ဆို ကိုယ်တို့ကြားမှာ နားလည်မှုတွေ ဆက်တိုက် လွဲနေအုံးမှာပဲ"

နှာတံ‌ေပါ်က လက်ညှိုးလေးက ပါးအိအိလေးကို
ထိုးဖောက်လိုက်သည်။ဒီလူဟာလေး အမြဲတမ်း
တစ်ခုမဟုတ်တစ်ခု သူ့အပေါ် ဂျီကျနေတော့ပဲ။
အခုလည်း ‌၀န်ခံရမှာ ရှက်လို့ လိမ်နေတာကို သိသိရဲ့
နက် အဖြေမှန်ကို ဇွတ်တောင်းနေသည်။

"ဟုတ်တယ်ဗျာ ဟုတ်တယ် သတိရတယ် ဘာဖြစ်လဲ"

"ဟားဟား အဲ့တာဆိုလည်း တစ်ခါတည်း၀န်ခံလိုက်ပါလား ဘာလို့လိမ်နေတာလည်း"

သူ့မျက်နှာအနှံကို ထိတွေ့နေတဲ့ လက်ညှိုးလေးကို ဆွဲယူပြီး သွားနဲ့ မနာအောင် တတိတိကိုက်နေလိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now