အပိုင္း ၃၂/အပိုင်း ၃ ၂

10.8K 971 36
                                        

Unicode

"ဒီရေ သား နေမကောင်းဘူးလား"

အခန်းတံခါးပိတ်ပြီးငိုနေတာ ဘယ်လောက်ကြာသွားမှန်း မသိဘူး။အမေ တံခါးလာ
ခေါက်မှ ငိုနေတာကို ကြိုးစားရပ်ပြီး အသံထိန်းကာ
အိပ်ချင်နေလို့ ခဏအိပ်အုံးမယ်ဆိုပြီး အကြောင်းပြ
ချက် ပေးလိုက်သည်။အမေထွက်သွားတဲ့ ခြေသံကြားမှ
အင့်ခနဲ တစ်ချက်ရှိုက်မိပြန်သည်။

"မမ"

"အချိန်သုံးရက်ပဲရမယ် အာကာ နင့်အကောင်ကိုနင်ဖြတ်"

မမရှေ့ဒူးထောက်ချလိုက်ပြီး .....

"တောင်းပန်ပါတယ်မမ ကျွန်တော်သူ့တစ်ယောက်ထဲကို
ပဲ ချစ်ဖူးတာပါ တစ်သက်မှာမှ တစ်ခါပဲ ချစ်ပြီး အပိုင်လိုချင်မိတာပါ"

မြနှင်း မျက်ရည်တွေ ထိန်းမရအောင် ကျလာခဲ့ရသည်။
တစ်သက်လုံး သူ့မောင်ဆိုတာထက် သူ့သားလေးလို
ချစ်ခဲ့၊အလိုလိုက်ခဲ့၊ပံ့ပိုးပေးခဲ့ရတာတွေက အခုလို
ယောကျာ်းတစ်ယောက်အတွက် ဖြစ်တည်လာဖို့မှမဟုတ်တာ။

ပတ်၀န်းကျင်ရဲ့ ထိုးနှက်မှု၊ ရိုက်ခတ်မှုတွေကို
ဒီကလေး ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။သူများမျက်လုံးနဲ့
စွေကြည့်တာတောင်မကြိုက်တဲ့ ကိုယ့်ကလေးကို
လူတကာ တံတွေးခွက်မှာ ပက်လက်မှောက်ခုံအမျောမခံနိုင်ပါ။

အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ပြီး ချစ်စရာ
ကောင်းတဲ့ ကလေးသေးသေးလေးတွေ ‌မွေးဖို့ သူစိတ်ကူးယဉ်ခဲ့တာ အခုတော့ သူ့မောင်က
တခြားယောကျာ်းတစ်ယောက်ကိုမှ သည်းသည်းလှုပ်ဖြစ်နေပါတယ်တဲ့။

"မငိုပါနဲ့ မမ သားတောင်းပန်ပါတယ် သားကြောင့်ပါ
သားကြောင့်အခုလို မမ ငိုရတာပါ"

ကိုယ်လုံးသေးသေးလေးကို တသိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေသည့် မမကို ပွေ့ဖက်ပြီး တောင်းပန်မိသည်။
အမြဲတမ်း တက်ကြွလန်းဆန်းနေသည့် မမ ။
ငိုတယ်မပြောနှင့် ပင်ပန်းသည့်ဟန်တောင် တစ်ခါမျှ
မမြင်ဖူးဘူး။

"မောင်လေး မမပြောတာ နားထောင် မင်းတို့နှစ်ယောက်ရဲ့ အဖြစ်မှန်ကို စတွေ့တဲ့ညတုန်း
က မမ အရမ်းကို လန့်သွားခဲ့ရတာ မေမေတို့ဆီ
ချက်ချင်းဖုန်းဆက်မလိုတောင် ဖြစ်သွားခဲ့ရတယ်
ဒါပေမဲ့ ဒီကိစ္စက မေမေတို့ လုံး၀သိလို့မဖြစ်ဘူး
ပြီးတော့ ဖြူဖြူလွင် ဒါကြောင့်မမ ဒီရက်တွေအတွင်း
အများကြီး သည်းခံခဲ့တာ မမတောင်းပန်ပါတယ်
မမနဲ့ ရန်ကုန်ပြန်လိုက်ခဲ့ပါနော် နော် မောင်လေး"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now