Unicode
"Happy birthday to you
Happy birthday dear ဒီရေ"
သီရိမေနဲ့ ထွန်းကျော် က မွေးနေ့ကိတ်ကြီးတစ်ခုယူလာပြီး အခန်းထဲ
၀င်လာသည်။
"တကူးတက မလုပ်စမ်းပါနဲ့ သီရိမရယ်"
"တကူးတက မဟုတ်ပါဘူးဟာ နင့်အတွက် လုပ်ပေးချင်လို့ပါ ပြီးတော့ ဒီနှစ် ထူးထူးခြားခြား
လက်ဆောင်ရှိတယ်"
သီရိမကို မျက်လုံးစွေကြည့်ပြီး တောင်တန်းတွေဘက်
ကို မျက်နှာပြန်မူလိုက်သည်။ကိုကို့ကို ရှိစေချင်လိုက်တာ။တစ်နှစ်မှ ကျွန်တော့်မွေးနေ့ကို
ကိုကိုနဲ့ အတူမဖြတ်သန်းဖူးဘူး။
"ငါ့အတွက်တန်ဖိုးကြီးတာ မဟုတ်ရင် မယူဘူးနော်
လက်ဆောင်က"
"လက်ဆောင်က ကိုယ်လေ"
ဒါ...ဒါ ကိုကို့အသံမဟုတ်လား။ဟင့်အင်းမဟုတ်ဘူး
ဒီရေ လှည့်မကြည့်နဲ့ မင်းစိတ်ထဲထင်နေတာ။ကိုကိုက
ဟိုးးအဝေးကြီးကို ထွက်သွားပြီ ငါ့ဆီ ပြန်မလာတော့ဘူး။
"ဒီရေ ကိုယ့်ကို စိတ်ဆိုးနေတာလားဟင်"
သူ့ဘက်ကို တစ်ချက်မှ လှည့်မကြည့်ပဲ ထိုင်နေတဲ့
ဒီရေ ခေါင်းလေးကို အသာကိုင်ပြီး ဆံပင်လေးတွေကို
ဆွဲဖွနေလိုက်သည်။
"ကိုကို တောင်းပန်ပါတယ် နောက်ကျခဲ့ရလို့ ကိုယ်မင်းဆီ အစောကြီးရောက်လာခဲ့သင့်တာ"
နှစ်သက်သဘောကျခဲ့ရတဲ့ မျက်၀န်းညိုညိုလေးတွေက
မျက်ရည်ကြည်တွေ အပြည့်နဲ့ မော့ကြည့်လာသည်။
"ဟင့်အင်း ရတယ် ကျွန်တော့်ဆီ
ကိုကို ပြန်မလာတော့ဘူးလို့
ထင်နေခဲ့တာ"
"ဒီရေရာ"
ဒီရေပုခုံးလေးကို အသာသိုင်းဖက်ပြီး မချိတင်ကဲ
ရေရွတ်မိသည်။
"ကိုကို ပြန်မလာတော့ဘူးလို့ ထင်နေတာ"
"ကိုယ်က မင်းနဲ့ သေကွဲကွဲပြီး ထင်နေခဲ့တာ"
"ဟင်"
"အဲ့ဒါတွေ ငါနောက်မှ အားလုံး ရှင်းပြမယ် ဒီရေ
အခုတော့ မွေးနေ့ကိတ်လှီးရအောင်"
သီရိမေစကားကြောင့် ထွန်းကျော် မွေးနေ့ကိတ်ကို
ကုတင်ဘေးက စားပွဲခုံပေါ် တင်လိုက်ပြီး ဖယောင်းတိုင်
ထွန်းလိုက်သည်။အခုမှသေချာကြည့်မိတယ် Happy birthday ဒီရေဆိုတဲ့ စာအောက်မှာ ကိုယ်မင်းဆီ ပြန်လာပြီမောင်တဲ့။
ESTÁS LEYENDO
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)