အပိုင္း ၃၉/အပိုင်း ၃၉

13.1K 924 17
                                        

Unicode

မြတ်မင်းလေးစကားကြောင့် အားလုံးသဘောတကျနဲ
ဝိုင်းရယ်ပေမဲ့ အာကာမပါ။

"သားကလည်း ဒါဦးဦးရဲ့ ချစ်သူလေ သားနဲ့ လက်ထပ်လို့မရဘူး ငရဲကြီးလိုက်မယ်"

ကလေးကိုချော့ပြောပြီး သိသိသာသာကို သ၀န်တိုနေသည်။

"ဟုတ်လား ကိုကို ဦးဦးက အသက်ကြီးသွားလို့ မရှာကျွေးနိုင်တော့ရင် သားရှာကျွေးမယ်နော် အဲ့ခါကျရင် ဦးဦးကို ပစ်ထားခဲ့"

"ဟုတ်ပါပြီကွာ ကိုကိုပစ်ထားခဲ့မယ်နော် ဦးဦးကို"

မြတ်မင်းလေးရဲ့ ဆံပင်လေးကို ဆွဲဖွပြီး ရယ်တော့ သဘောတကျနဲ့ ဒီရေကို ဖက်လာသည်။ပါးလေးကိုလည်း လက်ညှိုးလေးနဲ့ တို့ကြည့်ပြီး ကိုကိုက အရမ်းချောတာပဲတဲ့။ဒီလောက်
မြှောက်ပင့်ပြီ သဘောကျအောင် ပြောတတ်တာကတော့ မျိုးရိုးလိုက်တာ ဖြစ်မယ် ထင်တယ်။

"မမတို့ ခဏနားအုံးလေ ခရီးပန်းလာတယ်မလား နေ့လည်ကျမှ အန်တီမဲ့ တွေ့လေ"

"အင်းအင်း မမတို့ ခဏနားချင်သေးတယ် သားလာ မေမေတို့ ခဏအနားယူပြီးရေချိုးမယ် ပြီးရင် ကိုကို့အိမ်ကို သွားမယ်နော်"

သူ့အမေ စကားကြောင့် ဒီရေပေါင်ပေါ်ကနေ မဆင်းချင် ဆင်းချင်နဲ့ လိုက်သွားရှာသည်။

"ကဲ အမောင်ဒီရေ မနက်စာစားရမယ်"

"နွားနို့မသောက်လို့ မရဘူးလား ညှီလို့မကြိုက်ဘူး"

"မသောက်လို့မရဘူး ကိုယ့်ကကိုယ်လည်းကြည့်အုံး
ပိန်လိုက်တာမှ စက္ကူပါးလိုပဲ"

"ကိုကိုကလည်း"

ကိုကိုကလည်းဆိုပြီး သူ့လက်တံရှည်တွေနဲ့ အာကာကိုယ်သေးသေးလေးကို သိုင်းဖက်ပြီး ရင်ခွင်ထဲကို အတင်းခေါင်းတိုးဝင်ပြီး ချွဲတော့သည်။

"လိမ္မာပါတယ်ကွာ နော် သောက်လိုက်ပါ အဲ့တာမှ အားရှိမှာ"

နဖူးလေးကို ခပ်ဖွဖွနမ်းပြီး ချော့ပြောလိုက်သည်။

"ဟုတ်ပါတယ်လေ အားရှိအောင်နေမှ အားရှိလာတဲ့နေ့ကျရင်...."

အာကာနားနားကို ကပ်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Место, где живут истории. Откройте их для себя