အပိုင္း ၃၈/အပိုင်း ၃၈

12.4K 938 54
                                        

Unicode

"ဒီရေ ဒီရေ ထတော့ ဒီမနက် မမတို့လာမယ်လို့"

အခန်းထဲပြန့်ကျဲနေတဲ့ အ၀တ်တွေကို လိုက်ကောက်၀တ်ရင်း ဒီရေကိုပါ တစ်ပါတည်း နှိုးလိုက်သည်။

"အင်းးး ခဏလေး ခဏလေး အိပ်..."

စကားတောင်ဆုံးအောင်မပြောနိုင်ပဲ ပြန်အိပ်ပျော်သွားတဲ့ ဒီရေကိုကြည့်ပြီး တွေးမိသည်။
ကြက်အိပ် ကြက်နိုးဆိုတာ ဒီလိုမျိုးပါလားလို့။

"ဒီရေ ဒီရေလို့ ထပါတော့ဆိုကွာ ကိုယ့်ကိုကူညီအုံး"

"အင်းးခဏလေး ငါးမိနစ်ပဲ ငါးမိနစ်မှ တကယ့်ငါးမိနစ်"

ပါးစပ်ကသာစကားပြောနေတာ မျက်လုံးက လုံး၀မပွင့်ပေ။အိပ်ရင်လည်း အိပ်ပါစေတော့ ညကလည်း ပင်ပန်းထားသေးသည်မဟုတ်လား။
ကိုယ့်ဘာသာ ညက စားထားတဲ့ ပန်းကန်တွေဆေး၊အ၀တ်တွေ အ၀တ်လျှော်စက်ထဲထည့်၊ ကြမ်းတိုက်၊ခြံထဲက ပန်းတွေ ဆင်းခူးပြီး ဘုရားပန်းလည်းလဲ ဧည့်ခန်းထဲက
အလှပန်းအိုးလည်းထိုးပြီး မီးဖိုထဲ ၀င်လာလိုက်သည်။

"အော် ယောကျာ်းမယူခင်နဲ့ ယူပြီးကာစ ကွာခြားလိုက်တာ အခုတော့ အိမ်မှုကိစ္စလည်း ကိုယ်
အပြင်လည်း ကိုယ် အမလေး အမေ့သားတော့ လင်ယူတာမှားပါပြီ"

ပါးစပ်က ပွစိပွစိပြောနေတာ လက်ကတော့ ဇယ်စပ်သလိုပင်။ပိန်သွားတဲ့ ကောင်လေးအတွက်
အားအင်ပြည့်ဖိုးအောင် နွားနို့စစ်စစ်ကို နေ့တိုင်း
ကြိုချက်ပြီး တစ်ခွက်ပုံမှန်တိုက်ရသည်။မုန့်ဟင်းခါး
ကိုလည်း အရင်လိုနေ့တိုင်းမစားခိုင်းတော့ဘူး။

တစ်ခါတစ်လေ စားချင်မှ ကိုယ်တိုင် ချက်ပြုတ်ကျွေးသည်။ဒေါ်တိုးသိရင်တော့ အကဲပိုသပ
ဆိုပြီး ဆဲမှာသေချာသည်။ဘာပဲပြောပြော ကိုယ့်ယောကျာ်း ကျန်းမာရေးက ကိုယ့်ပေါ် အများကြီး
မူတည်သည်မဟုတ်လား။

"ဒီရေ ထတော့လေ ဘယ်ချိန်ထိအိပ်မှာလည်း မင်းဒီပုံစံ အတိုင်းမမတို့မြင်သွားမှာနော် ရေချိုးပြီး
မနက်စာ စားရအောင်"

အိပ်ယာက ချက်ချင်းမထသေး‌ပဲ အပျင်းကြောဆွဲနေသည့်ကောင်လေးကို ကြည့်ပြီး
သက်ပြင်းလညါးချ လက်ကလည်း စောင်တွေ ခေါက်လိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Donde viven las historias. Descúbrelo ahora