အပိုင္း၉/အပိုင်း၉

16.3K 1.5K 18
                                        

Unicode

"ဟဲ့ ဒီရေ နင် အကိုအာကာကို မျက်မှန်ကိုင်းလဲဖို့မြို့ထဲ
လိုက်ပို့ပေးမယ်ဆို အခုအပြင်မှာရောက်နေပြီ"

"နင်ပဲ လိုက်ပို့ပေးလိုက်တော့ ငါနေမကောင်းဘူး"

စောင်ခေါင်းမြီးခြုံထဲကနေ မထွက်ပဲလှမ်းအော်လိုက်သည်။ဘယ်လိုမျက်နှာမျိုးနဲ့
ထွက်တွေ့ရမှန်း မသိဘူး။အမူးသမားကတော့ ဘာမှသိမှာမှ မဟုတ်တာ အကုန်မှတ်မိနေတဲ့ ကိုယ့်ခေါင်းကိုပဲ တူနဲ့ထုချင်တော့တယ်။

"ပြီးရောလေ ဒါဆိုငါလိုက်ပို့ပေးလိုက်မယ်"

ခုံပေါ်က ဆိုင်ကယ်သော့ကိုယူပြီး အပြင်ပြေးထွက်လာလိုက်တယ်။ဟီးဟီး သီရိမေတို့
တော့ စားရကံကြုံလို့ မုတ်ဆိတ် ပျားစွဲပြီ။ မားသားလေးတို့ရဲ့ အချစ်ခရီးလမ်း ဖြောင့်ဖြူးအောင်
ဒီမွေးစားအမေက ကူညီစောင်မပေးရမှာပေါ့။

"သားဒီရေ နေမကောင်းဘူးဆို"

"ခေါင်းနည်းနည်းကိုက်လို့ပါအမေရာ "

"ဆေးလာပို့ထားပေးမယ် သောက်ထားလိုက်အုံး မသက်သာရင် ညနေဆေးခန်းသွားမယ်"

အမေလာပို့ပေးထားတဲ့ ဆေးတစ်ချို့ကို မသောက်ချင်ပါ။ တကယ်နေမကောင်းတာမှ မဟုတ်တာ။နေမကောင်းရင်တောင် ဆေးမသောက်ပဲ
အရက်သောက်ရင် ပျောက်တဲ့ လူစားမျိုးပင်။

တော်ပြီကွာ ဖုန်းကြည့်တာပဲကောင်းတယ်။

ဟင် ဒါဘာတွေလဲ။ ငါ့ဖုန်းမှာ ဒါတွေက ဘယ်ကဘယ်လို။
‌သိပြီ သိပြီ သီရိမ နင်ပြန်လာစမ်း နင်ပြန်လာခဲ့စမ်းပါ။ ယောကျာ်းချင်းနမ်းနေတဲ့
videoတွေကို ငါ့ဖုန်းထဲ ထည့်သွားတယ်။ညကအဖြစ်အပျက်တွေက မျက်လုံး
ထဲ ပြန်၀င်လာတော့ ဖုန်းပစ်ချပြီး အိပ်ယာထဲ ပြေး၀င်လာမိသည်။ချီးပဲ ဒီဟာကြီးက ငါ့ကိုခြောက်လှန့်နေတယ်။

"ဒီရေရေ ဒီရေ"

ချီးထုပ်မ ပြန်လာပြီ‌ပေါ့။ တွေ့ကြသေးတာပေါ့ဟာ။

"ဟဲ့ ဒီမှာ နင့်အတွက်တဲ့ အကိုအာကာက ခေါက်ဆွဲကြော် ၀ယ်ပေးလိုက်တယ်"

"လာစမ်းပါအုံး။ လာစမ်းပါအုံး။ ငါ့နားကို တိုးလာ"

ကုပ်ချောင်းချောင်းနဲ့ အနားကိုတွန့်တွန့်ဆုတ်တိုးလာတဲ့ သီရိမကို
ခေါင်းအုံးနဲ့ နှစ်ချက်လောက်ပိတ်ရိုက်ပေးလိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Donde viven las historias. Descúbrelo ahora