အပိုင္း၁၄/အပိုင်း ၁၄

13.6K 1.3K 26
                                    

Unicode

"အဲ့တာတွေ အသာထားပါအုံး အခု အကိုက ဘယ်လိုဆက်လုပ်မလဲ"

"ဒီလိုပဲ မီးစင်ကြည့်ကရမှာပေါ့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှတော့ ဖြစ်လာသမျှကို
ခါးစည်းခံရမှာပဲ"

"အကယ်၍များ ဒီရေက အကို့ကို လက်မခံနိုင်ဘူးဆိုရင်ရော အကိုနောက်ဆုတ်မှာလား"

ကြည်ကြည်လင်လင်လေး ပြုံးနေတဲ့ အကို့ပုံက
တစ်ခုခုကို ပိုင်နိုင်စွာနဲ့ ထိန်းချုပ်ထားနိုင်ပုံပင်။

"ဒီရေက ကိုယ့်ထက်ငယ်ပါတယ်ကွာ ပြီးတော့
ဒီကလေးက တကယ်ကလေးပဲရှိသေးတာ ကလေးတစ်ယောက်ကို ဘယ်လိုပဲ့ပြင် ထိန်းကြောင်းရမလဲဆိုတာ ကိုယ်နားလည်တယ်။
အဲ တစ်ခုပဲကိုယ်နဲ့ ဒီရေအတွက် အတူရှိချိန်များများရှိဖို့လိုအပ်တယ် သီရိ အဲ့တစ်ခုတော့
ကူညီပေးနိုင်မလား"

ဒီလူသားလေးကို ကြည့်ရင်းနဲ့ အရှိန်အဝါတစ်ခုခုအောက်ကို ကိုယ်တိုင်ထိုးဆင်းသွားရသလိုပဲ။ကိုယ့်အကူအညီကို
မလိုအပ်ပဲ ယူနေရသလားလို့တောင် ထင်မိသည်။
ကိုယ့်ရဲ့ ကလေးဆန်ဆန်အတွေးတွေထက် အများကြီး
ရင့်ကျက်ပြီး အတွေ့အကြုံရှိနေသလိုပင်။

"သီရိ ကူညီမယ်မလား"

"ဟုတ် မေမေက အခုတလော သီရိကိုပြန်ခေါ်နေတာ
ဘုရားဖူးသွားမယ်ဆိုပြီး ဒေါ်လေးကိုလည်း ခေါ်ခဲ့ဖို့ရောပြောနေတာ။ အဲ့တာ ဒေါ်လေးကို
သီရိပါအောင်မထုတ်သွားပေးမယ်။ကျန်တာ အကို့ဘာသာ ဆက်လုပ်လို့ဖြစ်တယ်မလား"

"အင်း အဆင်ပြေတယ် ဘယ်လောက်ကြာနိုင်မလဲ
သီရိတို့က"

"တစ်လလောက်ထိတော့ အချိန်ဆွဲထားပေးမယ်လေ"

"ကျေးဇူးသီရိ အကိုတို့အဆင်ပြေသွားတဲ့ အခါကျရင်
မုန့်ဖိုးကောင်းကောင်းပေးမယ်"

စိတ်မကောင်းပါဘူး ငါ့မောင်လေးရေ။အမကတော့
နင့်ရဲ့ မက်မွန်သီးကို ရောင်းစားလိုက်ပါပြီ။ဒီသေးသေးလေးကတော့
နင့်မက်မွန်သီးကို အများကြီး မစားနိုင်လောက်ဘူး
ထင်တာပဲ။အခွင့်အခါသင့်ရင်တော့ နင်ပြန်စားနိုင်ဖို့
ဆုတောင်းပေးလျှက်ပါ။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Donde viven las historias. Descúbrelo ahora