အပိုင္း ၃၃/အပိုင်း ၃၃

10.9K 998 51
                                        

Unicode

ညဆယ့်နှစ်နာရီ ခြံဘေးက ဇလပ်ပန်းရုံနားကို လာခဲ့
ပါဟူသော ဒီရေရဲ့ messageကို မြင်ပြီးထဲက အိပ်လို့
မရ။မမအခြေအနေကြည့်ပြီး ခိုးထွက်လာခဲ့ရသည်။
ပန်းရုံအနားမှာ ခြင်ကိုက်ခံပြီး စောင့်နေတဲ့ ဒီရေကို
မြင်တော့ စိတ်မကောင်းပေ။

"ဒီရေ"

"အာကာ ကျွန်တော်တို့ ထွက်ပြေးကြရအောင် ပိုက်ဆံလည်းပါတယ် ရန်ကုန်ကိုပဲပြေးမယ် အဲ့တာမှ
ပိုပြီး စိတ်ချရမှာ ရန်သူနဲ့အနီးစပ်ဆုံးက လုံခြုံစိတ်ချရဆုံးပဲ"

"ခဏ ခဏနေပါအုံး ဒီရေ ဘာလို့ထွက်ပြေးမှာလဲ
ကိုယ်တို့ရှောင်ပြေးရုံနဲ့မပြီးဘူး ရင်ဆိုင်ရမှာ အချိန်ခဏလေးပဲစောင့်"

သူနဲ့အတူမလိုက်နိုင်တဲ့ အာကာကြောင့် အားတင်းထားသမျှ၊ကြိုးစားထားသမျှက သဲထဲရေသွန်
သလိုပင်။

"ဟင့်အင်း အဲ့လောက်ထိ မစောင့်နိုင်ဘူး ခင်များ
မိသားစုက ခွင့်ပြုမှာမဟုတ်ဘူး"

တဇွတ်ထိုးဆန်နေသည့်ဒီရေကို ဘယ်လိုဖျောင်းဖျရမှန်းမသိ။ဒီကလေး ပြောရဆိုရခက်လိုက်တာ။

"ခင်များမိသားစုနဲ့ ကျွန်တော်နဲ့ဆို ခင်များ
ဘယ်သူ့ကို ရွေးမှာလဲ"

မျက်နှာလွဲသွား‌ရှာတဲ့ အာကာကြောင့် ဒီရေပြောစရာ
စကားတောင် အစရှာမရတော့ပေ။

"ပြန်တော့ ခင်များ ခင်များကျွန်တော့်ကို ချစ်ရောချစ်ခဲ့ရဲ့လား"

တီးတိုးပြောဆိုပြီး ကျောခိုင်းသွားတဲ့ ကောင်လေးရဲ့ လက်ကို ဖမ်းဆွဲပြီး ပွေ့ဖက်လိုက်သည်။

"ဒီရေ ကိုယ်ပြောနားထောင် ကိုယ်မင်းကိုချစ်တယ်
ဒါမှန်သောစကား တစ်သက်မှာမှ တစ်ခါ မင်းကိုပဲ
ရူးနေအောင်ချစ်တာ ဒါကြောင့်မို့ ကိုယ့်စကားကို
နားထောင်ပေး ကိုယ်ကြိုးစားပေးမယ် အချိန်နည်းနည်းတော့ စောင့်ပေးပါ ဒီရေ
ကိုယ်တောင်းပန်ပါတယ်"

သူ့ကိုပွေ့ဖက်တဲ့ လူသေးသေးလေးဆီက တသိမ့်သိမ့်တုန်ခါနေတဲ့ ကျောပြင်အရ သူငိုနေမှန်း
သိပေမဲ့ မငိုပါနဲ့လို့မပြောချင်။ကိုယ်ကိုတိုင်လည်း
ရင်ကွဲမတတ်ခံစားရပြီး ငိုခဲ့ရတာချည်းပဲမို့။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Donde viven las historias. Descúbrelo ahora