အပိုင်း ၄/အပိုင္း၄

17K 1.7K 69
                                    

Unicode

"သားထည့်စား ဘာမှအားမနာနဲ့"

ကြက်သားဟင်းပန်းကန်ထဲက အသည်းအမြစ်လေးတစ်တုံးကို စာရေးဆရာပန်းကန်ထဲကို ထည့်ပေးလိုက်တဲ့ အမေ့ကြောင့် သံယောဇဉ် မပျက်နိုင်စွာ လိုက်ကြည့်မိသည်။ သူ့အကြိုက်ဆုံး အစိတ်အပိုင်းကို
မှ ရက်ရက်ရောရော သူများပန်းကန်ထဲ ထည့်ပေးလိုက်တဲ့ မွေးသမိခင် ကျေးဇူးရှင်။

"ဟဲ့ဒီရေ စားလေ ရော့"

အမေလို့သာစိတ်ရှိ လက်ရှိ
ထအော်ချင်တော့တယ်။ကြက်တောင်ပံကြီးပန်းကန်ထဲ လာထည့်ရလားလို့။‌‌ခြေထောက်ကြီး
လာမထည့်တာပဲ ကျေးဇူးတင်ရမယ်။တွေ့မယ်
မနက်ဖြန် ကြက်အသည်းအမြစ်ကြီးပဲ ချက်ခိုင်းပြီး
အရက်နဲ့ မြည်းပစ်မယ်။ဒီရေကို ဘာထင်လဲ။

သူ့ပန်းကန်းထဲက အသည်းအမြစ်ကို မျက်စောင်းကြီးတထိုးထိုးဖြစ်နေတဲ့  ဒီရေ။အသည်းအမြစ်က သူ့အကြိုက်မဟုတ်ပေမဲ့
ဒီကောင်လေးက အတော်ကြိုက်ပုံရတယ်။
ဒေါ်မိမိကြီး ထည့်ပေးတဲ့ အသည်းအမြစ်ကို အားရပါးရ စားပြလိုက်တော့  ရှေ့ကကောင်လေး
ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထမင်းတွေစား
တော့သည်။

"သားအာကာက  ကျောင်းပြီးပြီပေါ့"

"ဟုတ် အန်တီ မြန်မာစာနဲ့"

"ကောင်းတယ်ကွယ် တစ်ချို့ကျတော့လည်း ပညာကို
လိုလားတဲ့စိတ်မရှိပါဘူး ပျော်ဖို့ပါးဖို့လောက်ပဲသိတာ
ပညာတတ်မှ လူရာ၀င်တာ"

"သားတို့နိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့တွေမှ တစ်ပြုံကြီးပါ အမေရယ်"

"သူများအလုပ်လက်မဲ့က ဘွဲ့ရထားပြီးသား နင့်လို
ဘွဲ့လည်းမရ အလုပ်လည်းမရမဟုတ်ဘူး"

အမေအရင်က ဒီလိုမဟုတ်ပါဘူး။အခုများကျတော့
ဒီစာရေးဆရာဆိုတဲ့ ကောင်ရှေ့မှာ သူ့ကို သိက္ခာတွေကြီးပဲ ချနေသည်။စိတ်ဆိုးတယ်
ဒီည သွားသောက်ပစ်မယ် တ၀ကြီး။

"ကျေးဇူးတင်ပါတယ် အန်တီ စားလို့လည်း အရသာရှိပါတယ် ခင်ဗျ"

"ရပါတယ် သားရယ် နောက်နေ့တွေလည်း အိမ်မှာပဲလာစား အိမ်မှာက အန်တီတို့သားအမိနှစ်ယောက်တည်းရှိတာ"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ