Unicode
"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူးရှင့်"
"ခင်ဗျာ"
"ဒီအိမ်က ဘယ်သူနဲ့တွေ့ချင်တာလဲလို့ မေးတာပါ"
"အာ အန်တီ့ဆီလာတာပါ"
အိမ်ရှေ့အပေါက်၀ကနေ စစ်လားဆေးလားလုပ်နေတဲ့
ကောင်မလေးကြောင့် အိမ်ထဲ၀င်မဲ့ ခြေလှမ်းတွေက အလိုလိုတန့်သွားရသည်။
"သီရိမ နင်ဘာတွေ အရစ်ရှည်နေတာလဲ အဲ့တာဧည့်သည်မဟုတ်ဘူး"
နောက်ကနေရောက်လာတဲ့ ဒီရေကိုတွေ့တော့ ကယ်တင်ရှင် တွေ့သလို ၀မ်းသာအားရဖြစ်သွားရသည်။
"နင့်သူငယ်ချင်းလား နင့်သူငယ်ချင်းထဲမှာ ဒီလို သားသားနားနား တစ်ယောက်မှ မတွေ့ဖူးပါဘူး"
မတ်တပ်ရပ် လက်ပိုက်ပြီး ဒဲ့ဆော်နေတဲ့ ငတိမလေးကြောင့် ဒီရေမျက်နှာ မဲမှောင်သွားသည်။
"ရှိလို့ပဲ ခု နင့်ရှေ့ရောက်နေတာပေါ့ ၀က်ရဲ့"
"ငါ့ကို ၀က်လို့မခေါ်နဲ့နော် အရက်သမား"
"၀က်"
"အရက်သမား"
"၀က်"
"အရက်သမား"
ဧည့်သည်ကို အိမ်ထဲပေးမ၀င်ပဲ စကားနိုင်လုနေတဲ့
မောင်နှမနှစ်ယောက်ကြောင့် အာကာလှည့်ပဲပြန်ရတာ့မလိုလို ရပ်ပဲစောင့်ရတော့မလိုလို ဖြစ်နေသည်။
"ဟဲ့ နင်တို့ရန်ဖြစ်နေကြပြန်ပြီလား အာကာ သား
လာလေ မတ်တပ်ကြီး ရပ်မနေနဲ့ သူတို့နှစ်ယောက်က
ခွေးနဲ့ကြောင် အမြဲတည့်တာမဟုတ်ဘူး"
"သားကကြောင်"
"ဘာကြောင်လဲ နင်ကခွေး"
"အမေ အမေ့တူမက သားကို ခွေးဆိုတော့ အမေပါ
ဘာဖြစ်သွားပြီလဲ"
"ဟဲ့ နင်ရန်မတိုက်နဲ့ ငါတို့ တူ၀ရီးကို"
"ကဲ တော်ကြပါတော့ဟယ် ထမင်းစားဖို့ အားလုံး
အဆင်သင့်ဖြစ်နေပြီ လာလာ သားအာကာလည်း
လာ တစ်ခါတည်း အတူ၀င်စား"
နောက်ဆုံး ဒေါ်မိမိကြီး ၀င်တားမှ ရန်ပွဲရပ်သည်။
ဒါတောင် တစ်ယောက်နဲ့ တစ်ယောက် မျက်စောင်းထိုးပြီး အသံတိတ် ရန်ပွဲ ဆက်နေကြသေးသည်။
YOU ARE READING
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)