Unicode
ဆယ်တန်းအောင်ပြီး တက္ကသိုလ်ပထမနှစ်ကိုတောင်ပြီးဆုံးေအာင်မတက်ခဲ့ပေ။ဘွဲ့မရလည်း အကြောင်းမဟုတ်။ဒီရေတို့အတွက် အမေရှိရင်ငွေရှိတယ်။တစ်နေ့တစ်နေ့ သောက်လိုက်စားလိုက်နဲ့ အချိန်ကုန်သွားရတာချည်းပင်။
ထစ်ခနဲနဲ့ စီစီဆို ဒီရေပဲ။ရန်ပွဲဆိုလည်း ဒီရေ။ဖဲဝိုင်းမှာ ရန်ဖြစ်တယ် ကြက်ဝိုင်းမှာ ရန်ဖြစ်တယ်သွားမကြည့်နဲ့ အဲ့တာဒီရေ။ တစ်ခုခုဆို သူကဦးအောင်ဆော်ထည့်လိုက်တာချည်းပဲ တစ်ခါမှ သူခံလာရတယ်ဆိုတာ ကလေးဘ၀ထဲက အခုအသက်နှစ်ဆယ်ထိ မရှိဖူးပေ။
ဆိုးကွက်အားလုံးနဲ့ ပြီးပြည့်စုံနေတဲ့ ဒီရေမှာ ချွင်းချက်က ရည်းစားသနာမရှိတာ။မရှိဆို ဘယ်ကောင်မလေးကိုမှ လှတယ်လို့လည်းမမြင်၊ချော
တယ်လို့လည်းမပြော။စတာနောက်တာတောင်မလုပ်။
သူငယ်ချင်းမိန်းကလေးလည်းမရှိ။ဒေါ်မိမိကြီး
ဂုဏ်ယူပြီး ပြောဆိုရသည်က တစ်ခုတည်းသာ။
သူ့သားလေးက မိန်းမအရှုပ်အရှင်းကင်းသူဟု။
ကောင်မလေးတွေကြားမှာ ရေပန်းစားသည်က ဒီလို
Bad boyမျိုး။ရုပ်ရည်လေးကလည်းရှိ သူ့အမေကလည်း ငွေကြေးအတော်အတန်ရှိသည်မို့
ကောင်မလေးတွေက ရေလာမြောင်းပေးနဲ့မြောင်းဖောက်ကြပေမဲ့ သောက်ဖို့စားဖို့ပဲ သိတဲ့ ဒီရေအတွက် အချည်းအနှီးသာ။
သူကချည်း လူတိုင်းကို ပွဲရှာလာသမျှ အခု သူ့အိမ်ပေါ်ထိ တက်ပြီး မဆူညံဖို့ လာပြောသွားသည့်
ကောင်လေးကြောင့် မခံချိမခံသာ ဖြစ်နေရသည်။
"ကဲ ဒီရေရယ် သူပြောတာလည်း မမှားပါဘူး
သူ့ခမျာ ဒီမြို့ထိလာပြီး စာလာရေးရတာလေကွယ်
ဒေါသတွေကို လျှော့စမ်းပါ"
"အမေ့ဟာလေးက လက်တောက်လောက်နဲ့ ပြောသွားပုံကိုကြည့် သားတို့ကပဲ စကားမပြောပဲ
ဝစီပိတ်ကျင့်နေရမလိုပဲ"
"နင် ညည မူးပြီး အော်ဟစ်တတ်တဲ့အကျင့်ကိုပဲ ပြင်
အဲ့တာဆို ရပြီ"
"အမေ အမေက သူ့ဘက်ကလား သားဘက်ကလား"
"ဟိုကလေးလေးဘက်ကဟေး ဟိုကလေးလေးဘက်က"
"အမေက အမှန်ဆို သားမမွေးရဘူး သမီးမွေးရမှာ အဲ့တာမှ ဟိုဟာလေးနဲ့ ပေးစားပြီး သမက်တော်လိုက်ရမှာ"
ВЫ ЧИТАЕТЕ
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)