Unicode
(မသင့်လျော်တဲ့ စကားလုံးတွေ အရေးအသားတွေ
ပါ၀င်နေသောကြောင့် အသက်မပြည့်သေးသော
မောင်ငယ်ညီမငယ်များ မဖတ်ပါရန် အသိပေးအပ်ပါသည်။)
အိပ်ယာက နိုးထလာချိန် ခေါင်းတစ်ခုလုံး ကိုက်ခဲနေတဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်းကပါ
ဆိုးဆိုးဝါးဝါးနာကျင်နေသည်။
ချီးပဲ ဘာလို့ လှုပ်လို့မရတဲ့ အထိ နာနေတာလဲ တစ်ကိုယ်လုံး။မှိတ်ထားတဲ့ မျက်လုံးတွေကို အားယူပြီး
ဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှာ ပုဇွန်တုပ်လေးကိုကွေးနေတဲ့ ကောင်သေးလေးကို
အ၀တ်အစားမပါပဲ တွေ့လိုက်ရသည်။
အ၀တ်အစားသာမကပ်တာ စောင်ခြုံထဲမှာတော့ ကွေးနေတာပဲ။အားးးးးကျွတ်ကျွတ် ဟိုဘက်သည်ဘက် လှည့်လို့မရတဲ့အထိတောင်
နာနေရလား။အခုမှ အရက်သောက်လာတဲ့ ကောင်လည်းမဟုတ်ပဲနဲ့ ချီးဖြစ်လို့ ဒီလောက်တောင်နာနေရတာလဲ။
"နိုးပြီလား"
"အင်း တစ်ကိုယ်လုံးနာတယ် လှုပ်လို့မရတဲ့အထိပဲ"
ပုဇွန်ထုပ်ကွေးလို ကွေးနေရာကနေ ထထိုင်ပြီး ဒီရေကို အသာထိန်းပြီး ဝိုင်းထူပေးလိုက်သည်။
"အာားးးး ထိုင်လို့မရဘူး နာတယ်"
အလန့်တကြားထအော်ပြီး အိပ်ယာထဲ ထိုးလှဲလိုက်တဲ့
ဒီရေကြောင့် လန့်သွားရသည်။ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပေ။ဒါဟာ သူ့အတွက်လည်း ပထမဆုံးအကြိမ်မို့ ဘာလုပ်ပေးရမလဲ စဉ်းစားမရ....
ဟုတ်တယ် အကိုက်အခဲပျောက်ဆေး ။ရှိသေးရဲ့လားတော့ မသိဘူး ရှာကြည့်အုံးမှ။
"ဒီရေ ခဏလေး အံဆွဲထဲမှာ ဆေးရှိတယ် ထင်တယ်"
"အာားးး ဘာလို့ဘာမှမ၀တ်ထားတာလဲ "
"ဘောင်းဘီတိုပါပါတယ်ကွာ"
စောင်ပုံထဲကထွက်တော့ ဘောင်းဘီတိုလေးနဲ့ မြင်လိုက်လို ငယ်သံပါအောင်အော်နေတယ်။ညကလိုများ ဘာမှမပါပဲ အတူနေတာကို သိရင် ဘယ်လောက်တောင်များ ဒေါသတကြီး ဖြစ်လိုက်မလဲ။
"ရော့ ဆေးသောက်"
လက်ထဲ ထည့်ပေးတဲ့အကိုက်အဆဲပျောက်ဆေးကို
ယူသောက်တော့ အာဒမ်နင်ခဲ့တဲ့ ပန်းသီးအစိတ်အပိုင်း
ရဲ့ အထက်အောက်လှုပ်ရှားမှုက ငေးကြည့်မ၀ချင်စရာ။နှုတ်ခမ်းပါးလျလျကနေ စီးကျလာတဲ့ ရေအနည်းအငယ်ကို ခပ်သွယ်သွယ် အညိုရောင် လက်ဖမိုးနဲ့ သုပ်ပစ်လိုက်တာဟာ ဘယ်လို
နည်းနဲ့ စွဲမက်မှုကို မြှင့်တင်ပေးနေတာပါလိမ့်။
ВЫ ЧИТАЕТЕ
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)