အပိုင္း၁၀/အပိုင်း ၁၀

16.5K 1.5K 50
                                        

Unicode

တရှုပ်ရှုပ်ငိုနေတဲ့ သီရိမေအသံကြောင့် ဒီရေ
သောက်ထားတဲ့ အရက်တွေတောင် ဘယ်ရောက်သွားမှန်းမသိပေ။သူ့အမေရိုက်လို့ ငိုရအောင်လည်း သူ့အမေကလည်း ဒီမှာရှိတာမဟုတ်ဘူး။အမြဲတဟီးဟီး တဟားဟားနေတတ်တဲ့ သူက ငိုတယ်ဆိုတော့
တကယ်ကို စိတ်ပူသွားရသည်။

"သီရိ ဘာဖြစ်လို့ ငိုနေတာလည်း"

အဆိုးအပေလေးဟာ ငယ်ငယ်ထဲက စိတ်လိုရင် သူ့ကို
သီရိလို့ နူးနူးညံ့ညံ့ခေါ်တတ်ပေမဲ့ စိတ်မလိုရင်တော့
သီရိမလို့အော်ငေါက်တတ်သည်ပင်။အခုလည်း
သူ၀မ်းနည်းနေတာကို ကြည့်ပြီး နူးညံ့သွားရှာသည်။

သူမေးမှ ပိုငိုတော့သည်။အရိုက်ခံရတုန်းက သိပ်မငိုပဲ အချော့ခံရမှ တွေးတွေးပြီး၀မ်းနည်း‌ေနတဲ့ကလေး
တွေလိုပဲ။

"ဘာဖြစ်လို့လဲ နင့်ရည်းစားက ပစ်သွားလို့လား။ဟုတ်လား ငါမေးတာဖြေ အဲ့ကောင်
ဘယ်ကကောင်လည်း ပြောစမ်း ခွေးမသား
ငါ့အစ်မကိုများ ဒင်းက ရာရာစစ ပြော အဲ့ကောင်
ဘယ်မှာနေတာလဲ ရိုက်သတ်ပစ်မယ်"

ဖုန်းကြည့်ပြီးငိုနေတဲ့ သီရိ‌မေကြောင့် အထင်လွဲသွားပုံပဲ။သူ့မောင်အဆိုးအပေလေးက
တရှူးရှူးနဲ့ သတ်မယ် ဖြတ်မယ်လုပ်နေပုံကြောင့်
ကြည်နူးစိတ်လေးက တငွေ့ငွေ့လေး စီး၀င်လာသည်။
မိသားစုဆိုတာ ဒီလိုမျိုးပါလား။အမြဲတမ်း တကျက်ကျက်နဲ့ ထုလိုက်ထောင်းလိုက်နဲ့ ရန်ဖြစ်နေတတ်ပေမဲ့ သူ့ကိုတော့ ‌အတော်ချစ်ရှာပါသည်။

အဖိုးနဲ့အဖွားက ညီအမနှစ်ယောက်တည်းမွေးပြီး ညီအမနှစ်ယောက်ကလည်း သားသမီးတစ်ယောက်ဆီပဲ ထွန်းကားတော့
မိသားစု နည်းရှာသည်။

"မဟုတ်ပါဘူးဟာ ဒါကိုကြည့်ပြီး ငါ၀မ်းနည်းနေလို့ပါ"

သီရိမေပြတဲ့ postကိုကြည့်လိုက်တော့ ကောင်လေးနှစ်ယောက်မှာ ခရီးတွေ အတူသွားလာ
စားသောက်နေတဲ့ ပုံတွေ၊တစ်ပုံပြီးတစ်ပုံ ဆွဲကြည့်မိတော့ ဆေးရုံတက်နေပုံတွေ။ ပိုက်တန်းပေါင်းများစွာ ထိုးသွင်းထားတဲ့ ဆေးရုံတစ်ခုရဲ့
ကုတင်ပေါ်က ကောင်လေးရဲ့ဘေးမှာ ငိုထားပုံရတဲ့ ကောင်လေးတစ်‌ေယာက်က အားတင်းပြီး ပြုံးထားတဲ့ selfieပုံ။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now