အပိုင္း၁၃/အပိုင်း ၁၃

15.5K 1.4K 52
                                        

Unicode

"ဟင့်အင်း မဖြစ်နိုင်ဘူး ငါမယုံဘူး"

အကြောက်အကန် ငြင်းနေတဲ့ ဒီရေ ဘယ်လိုနည်းနဲ့
ရှင်းပြရမှန်းမသိပေ။

"ဒီရေ စိတ်အေးအေးထား ဒါတွေ အားလုံးဟာ အမှန်တွေကြီးပဲ ရုတ်တရက်မို့ မင်းလက်မခံနိုင်တာ
ကိုယ် နားလည်တယ်"

ရည်းစားတောင်မထားဖူးသေးတဲ့ ကောင်လေးတစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့
ဖြစ်ပါတယ်ဆိုတာကို ဘယ်လိုစိတ်မျိုးနဲ့ ချက်ချင်း
လက်ခံနိုင်မှာလဲ။

အတော်ကြာငြိမ်သက်သွားပြီးမှ တစ်ခုခုကို စဉ်းစားဆုံး
ဖြတ်ပြီးဟန်နဲ့ သူမျက်လုံးတွေကို စိုက်ကြည့်လာသည်။

"ဒီကိစ္စကို ဒီမှာပဲထားခဲ့ရအောင် ခင်များနဲ့ ကျွန်တော်ပဲ
သိတာ ဘယ်သူမှသိတာမဟုတ်ဘူး"

အိမ်ထောင်ရှိရက် အမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်လို့ ကိုယ့်မြို့ထိရှောင်ပြေးလာတဲ့ လူတစ်ယောက်က အခု ကိုယ့်လို အမျိုးသားတစ်ယောက်ကိုပဲ ထပ်ပြီး ......

"ဘယ်သူမှ မသိလည်း ကိုယ်သိတယ်တယ်လေ
မင်းက ကိုယ့်မိန်းမပဲ "

"ဘာဖြစ်လို့ မိန်းမ မိန်းမ ဆိုတဲ့စကားကို ထပ်တလဲလဲ ပြောနေတာလဲ နောက်တစ်ခါ ငါ အပေါ်ကနေမယ်
အဲ့ခါကျရင် နေ့တိုင်း အချိန်တိုင်း ခများကို မိန်းမ မိန်းမလို့ခေါ်ပစ်မယ်"

တရှူးရှူးနဲ့ ဒေါသတွေပေါက်ကွဲနေတဲ့ ဒီရေကို
ကြည့်ပြီး ရယ်ချင်ပေမဲ့ မရယ်ရဲ။နောက်တစ်ခါဆိုတာ
ရှိသေးတယ်ပေါ့ ဟုတ်လား ကိုယ့်ရဲ့ မိန်းမလေး။

"အိမ်ပြန်တော့မယ် "

ကွတကွတနဲ့ အိမ်ပြန်သွားတဲ့ ဒီရေကို လိုက်ပို့ချင်ပေမဲ့
မပို့ရဲဘူး။ဘာဖြစ်လာတာလဲလို့မေးရင် ဖြေစရာစကားမရှိဘူး။ညကထိတွေ့မိတဲ့ အစိတ်အပိုင်းတိုင်းကို ပြန်သတိရမိတော့ အသွေးအသားတို့က ပြန်လည်တောင်းတလာသည်။

"ချီးပဲ !"

ငါတောင် ဒီရေလို ဆဲတတ်နေပြီပဲ အဟ။အေးလေး
အသွင်တူလို့ အိမ်သူဖြစ်တာပေါ့။ ထိုင်နေလို့မဖြစ်သေးဘူး ညကပေကျံထားတဲ့ အိပ်ယာခင်းတွေကိုလျှော်ရဖွတ်ရအုံးမယ်။ဒီကောင်လေးအသားက ဒီလောက်စားချင်စရာကောင်းအောင်
ဆွဲမက်စရာကောင်းမယ်မထင်ဘူး။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ