အပိုင္း ၂၂/အပိုင်း ၂၂

12.7K 1.1K 15
                                        

Unicode

ဆိုင်ကယ်လဲပြီး အရှိန်နဲ့ ရေထဲထိုးကျသွားပေမဲ့
ရေကူးတတ်တဲ့ အာကာအတွက်က ခဏအကြာ ရေထဲ
က ဘွားခနဲ ပြန်ပေါ်လာသည်။

"ဟင် ဒီရေ"

ရေထဲက ပြန်ပေါ်လာခဲ့ပေမဲ့ မပေါ်လာတဲ့ ဒီရေကြောင့်
ရေထဲကို ငုပ်ပြီး ရှာဖွေသလို။ဆိုင်ကယ်လဲသံကြောင့် လူတစ်ချို့လည်း ဝိုင်းအုံလာပြီး ရေထဲမှာ အော်ဟစ်ကာ ဒီရေကို ရှာဖွေနေသောကြောင့် ခုန်ဆင်း
လာပြီး ဝိုင်းရှာပေးကြသည်။ဟင့်အင်းနော် မင်းဘာမှ
ဖြစ်လို့မရဘူးနော်။

"ဒီမှာတွေ့ပြီ"

တစ်စုံတစ်‌ယောက်ရဲ့ အသံကြောင့် အားသွန်ခွန်စိုက်ပြန်ကူးသွားပြီး ဒီရေကို အပေါ်ဆွဲတက်လာသည်။ကုန်းပေါ်ရောက်တဲ့အထိ တုတ်တုတ်မလှုပ်တဲ့ ဒီရေကြောင့် တတ်သမျှမှတ်သမျှ ရှေးဦးသူနာပြုနည်းနဲ့ ရင်ဘတ်ကို ဖိပြီး ရေတွေ ပြန်ထွက်လာအောင် လုပ်ပေမဲ့ ဘာမှမထူးခြား။

နောက်ဆုံးမရတဲ့အဆုံး နှုတ်ခမ်းချင်းတေ့ပြီး လေမှုတ်
ထည့်လိုက်တဲ့အချိန်ခဏအတွင်း ပွင့်လာတဲ့ မျက်၀န်း
ညိုညိုတွေကြောင့် ၀မ်းသာစိတ်လှိုက်ခနဲ ဖြစ်ပေါ်လာ
ခြင်းနဲ့အတူ မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ချို့က အတောင်ပေါက်လာသည်။

မျက်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက
ကိုယ့်နှုတ်ခမ်းတွေကို နမ်းနေတဲ့ လူတစ်ယောက်။
တခြားသူမဟုတ်ဘူး ကိုယ့်ကို အခွင့်အရေးယူပြီး
အပိုင်သိမ်းခဲ့တဲ့သူက အခုလည်း လူအများရှေ့မှာ။
ရှက်ရွံ့သွားတဲ့ ခံစားချက်တွေက ဒေါသအဖြစ်
ဖြစ်ပေါ်လာပြီး အရှိန်ပြင်းပြင်း ထိုးနှက်ချက်တွေက
အာကာကို မြေပြင်ပေါ်ကနေ ထမရတဲ့အထိ ဆီးထိုးနေမိသည်။

နုဖတ်သေးသွယ်နေတဲ့ အကောင်ပေါက်လေးက
ဘာပြန်လုပ်နိုင်မှာမို့လို့။ရုတ်တရက်ဆွံ့အသွားမှုကြောင့်
ကြောင်ကြည့်နေတဲ့ လူအုပ်ကလည်း သွေးအလိမ်းလိမ်းထွက်နေတဲ့ မျက်နှာနုနုကိုမြင်မှ
ဝိုင်းတားဖို့သတိရကြဟန်တူသည်။အပေါ်စီးကနေ
စီးထိုးနေတဲ့ ဒီရေကို ဝိုင်းဆွဲကြသလို အာကာကိုလည်း
ဝိုင်းထူကြသည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now