အပိုင္း ၂၈/အပိုင်း ၂၈

12.7K 1K 60
                                        

Unicode

"အိုကေ အဲ့တာဆို ကျွန်တော် ခင်များကို ချစ်တယ်"

"‌ဪ သူကံကောင်း.....ဟမ် ကိုယ့်ကို ချစ်တယ်"

"အမေ့...."

လက်တစ်ဖက်ကြက်သွန်နီ၊ကျန်လက်တစ်ဖက် ကြက်သွန်နီလှီး ဓားကြီးကိုင်ပြီး ပြေးဖက်တာ မလန့်ပဲနေမလား။

"ဖြေးဖြေးလုပ်ပါဗျာ လန့်လိုက်တာ ဓားနဲ့ပြေးထိုးတာမှတ်လို့ ရင်ကိုတုန်သွားတာပဲ"

"ကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးတင်ပါတယ်
ကိုယ့်ကို လက်ခံပေးလို့"

၀မ်းသာအားရနဲ့ ဖက်ထားတဲ့ကိုယ်သေးသေးလေးကိုကြည့်ပြီး
ကြည်ကြည်နူးနူးပြုံးမိသည်။ချစ်ရသူရဲ့ ပျော်ရွှင်ခြင်း
၀မ်းနည်းခြင်းတွေက ကိုယ့်ကို သူနဲ့ထပ်တူခံစားရစေသည်။
အဲ အရေးကြီးတာကို မေ့နေတယ်။

အာကာရဲ့ ပုခုံးသေးသေးလေးကိုကိုကိုင်ပြီး
တွန်းဖယ်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

"ခင်များ စာရေးပြီးလို့ ရန်ကုန်ပြန်ရင် ကျွန်တော့်ကို
ထားခဲ့မှာလား"

"ကိုယ်စာမူကို ဘာမှရေရေရာရာမရေးရသေးပါဘူးကွာ
မင်းနားမှာပဲ ကပ်နေတာလေ"

"မေးတာကိုပဲပြောစမ်းပါဗျာ ထားခဲ့မှာလားလို့"

ဒီရေကို လေးနက်စွာကြည့်ပြီး တည်ငြိမ်သောလေသံဖြင့်..........

"သေ‌ချာပေါက် ထားခဲ့ရမှာပေါ့ ဒါပေမဲ့ တစ်နှစ်တစ်ခါ ဖြစ်ဖြစ် နှစ်နှစ်တစ်ခါဖြစ်ဖြစ် ကိုယ်လာပြန်လည်ပါ့မယ် ကိုယ့်ကိုစောင့်နေမယ်မလားဟင်"

"ချီးကို လာလည် ၊ချီးကို စောင့်နေလိုက် ခင်များသာထားခဲ့လို့ကတော့ ကျုပ်မိန်းမယူပြီး ကလေးကိုဘောလုံးတစ်သင်းစာကို မွေးပစ်လိုက်မှာ"

"ဟားးးးးဟားးးး ကိုယ့်မိန်းမလေးက မိန်းမယူအုံးမယ်ပေါ့ဟုတ်လား ရပါတယ်
ကိုယ်ကနှစ်ယောက်ရတာပေါ့ ကိုယ့်မိန်းမရဲ့ မိန်းမကလည်း ကိုယ့်မိန်းမပဲပေါ့ မဟုတ်ဘူးလား"

စကားလည်းဆုံးရော အာကာတစ်ယောက်
လစ်လစ်ပါအောင်တစ်အိမ်လုံးပတ်ပြေးနေရသလို ဒီရေရဲ့ ခင်များလွတ်အောင်ပြေးဆိုတဲ့ အသံကလည်း
တစ်အိမ်လုံး လွှမ်းမိုးနေသည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Donde viven las historias. Descúbrelo ahora